ပါဆီယိတ်ကြယ်စုတန်းမှ ကြယ်ကြွေအလင်းတန်းများ စပိန်နိုင်ငံမှ မြင်တွေ့ရ

စပိန်နိုင်ငံ ကာနာရီကျွန်းစုရဲ့ ကောင်းကင်မှာ ပါဆီယိတ်ကြယ်စုတန်းကနေ ကြယ်တွေ ကြွေနေလို့ တောက်ပတဲ့ အလင်းတွေကို မြင်တွေ့ရပါတယ်။
ဂရန်းကာနာရီယာကျွန်းရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ပီကိုဒေလတ်စ်နီယဲဗတ်စ်ကနေ ဒီမြင်ကွင်းကို သြဂုတ် ၁၃ ရက်က ရိုက်ကူးထားတာပါ။
ပါဆီယိတ်ကြယ်စုတန်းဟာ Swift-Tuttle ကြယ်တံခွန်ရဲ့နောက်မှာ ကျန်ခဲ့တဲ့ အပိုင်းအစတွေကနေ ဖြစ်လာတာလို့ အမေရိကန်အမျိုးသားအာကာသသိပ္ပံ နာဆာက ပြောပါတယ်။
ကြယ်တံခွန်ရဲ့ လမ်းကြောင်းနားကနေ ကမ္ဘာဂြိုလ်က ဖြတ်သန်း သွားချိန်မှာ ကြယ်ကြွေတာ ကို မြင်ရတာလို့ ဆိုပါတယ်။
ပါဆီယိတ်ကြယ်ကြွေမိုးကို နှစ်စဉ် သြဂုတ်လလယ်မှာ အများဆုံး မြင်ရလေ့ရှိပြီး မြောက်ကမ္ဘာခြမ်းကနေ အကောင်းဆုံးမြင်နိုင်တယ်လို့ နာဆာ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။