close

ကလေးမြို့တွင် CDM ဆရာမ ၃ ဦးအပါဝင် ပြည်သူ ၉ ဦးကို စစ်တပ်က ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ  အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့  ဆရာမ ၃ ဦးနဲ့ တခြားအရပ်သား ၆ ဦး စုစုပေါင်း ပြည်သူ ၉ ဦး တို့ကို   စစ်ကောင်စီတပ်တွေက ဩဂုတ် ၁၄ ရက်က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆရာမတွေကို ကလေးမြို့ပေါ်မှာပဲ ဖမ်းဆီးခဲ့ပြီး အမျိုးသား ၆ ဦးကိုတော့ ရာဇဂြိုဟ်ရွာမှာ ဖမ်းဆီးခဲ့တာပါ။

"CDM လုပ်ထားတဲ့ ဆရာမ ၃ ဦး မနေ့က ညနေပိုင်းမှာ အဖမ်းခံလိုက်ရတယ်။  ဘာကြောင့်ဖမ်းတယ်လို့တော့ မသိရဘူး။ အဖမ်းခံရတဲ့ ဆရာမ ၃ ယောက်ထဲက တစ်ယောက်က ချင်းလူမျိုး ဆရာမပါ”လို့ ကလေးမြို့ နိုင်ငံရေးတက်ကြွလှုပ်ရှားနေတဲ့ လူငယ်အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ကလေးမြို့မှာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သူတွေကို စစ်ကောင်စီတပ်တွေက ဥပဒေမဲ့သတ်ဖြတ်တာတွေရှိနေပြီး အခုလည်း ဒလန်တွေက သူတို့နဲ့ပုဂ္ဂိုလ်ရေး မတည့်သူတွေကို သတင်းပေးဖမ်းဆီးခိုင်းတာတွေလည်းရှိတယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။

“ရာဇဂြိုလ်ရွာက ရွာသားတွေ ဖမ်းခံရတယ်ဆိုတာ အခုမှ သိရတာ။ စုစုပေါင်း ၆ ဦး။ ဘာကြောင့် ဖမ်းတယ်ဆိုတာကိုတော့ မိသားစုဝင်တွေက မသိဘူးလို့ ပြောတယ်။ အဖမ်းခံရတာတော့ မနေက ညနေပိုင်းက ဖမ်းသွားတယ်” လို့ နယ်မြေခံ ရွာသား တစ်ဦးက ပြောပါတယ်။

ကလေးမြို့ဟာ နိုင်ငံအာဏာကို တရားမဝင်သိမ်းယူထားတဲ့  စစ်အာဏာရှင်ကို နေ့စဉ် ဆန့်ကျင်ဆန္ဒပြနေတဲ့ မြို့ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up