close

မလေးရှားဝန်ကြီးချုပ်သစ်အဖြစ် ဒုဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကော့ဘ်ကို ခန့်အပ်

မလေးရှားဘုရင်က ဒုဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကော့ဘ်ကို သြဂုတ် ၂၀ ရက် မှာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပြီး အခုသီတင်းပတ်မှာ လွှတ်တော်အမတ်နေရာအများစု ဆုံးရှုံးပြီး နောက် ရာထူးကနေ နုတ်ထွက်သွားခဲ့တဲ့ မူဟစ်ဒင်ယာဆင်ရဲ့ နေရာမှာ အစားထိုး လိုက်ပါတယ်။ 

မလေးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ မြင့်တက်တာနဲ့ စီးပွားရေးကျဆင်းတာ ကြုံတွေ့နေရပြီး ကျန်းမာရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းမှုအပေါ် လူထုရဲ့ ဒေါသ ကြီးထွား လာချိန်မှာပဲ အစ္စမေးလ်ဆာဘရီက တာဝန်ယူလိုက်တာပါ။ 

သူဟာ လွှတ်တော်ရဲ့အမတ်ဦးရေ ၂၂၂ ယောက်မှာ အမတ် ၁၁၄ ဦးရဲ့ထောက်ခံမှုနဲ့အတူ ထောက်ခံမှုအများစုကို ရရှိခဲ့တယ်လို့ နန်းတော်ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြပါတယ်။

အစ္စမေးလ်ဆာဘရီ ရာထူးခန့်အပ်ခံရခြင်းဟာ မလေးရှားနိုင်ငံရဲ့ အဂတိလိုက်စားမှု စွပ်စွဲချက်တွေကြောင့် ၂၀၁၈ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ဖယ်ရှားခံခဲ့ရတဲ့ ညီညွတ်သော မလေးအမျိုးသားအစည်းအရုံး (UMNO) ပါတီကို ၀န်ကြီးချုပ်တာဝန် ပြန်လည်ရရှိ လိုက်တာလည်း ဖြစ်ပါတယ်။ 

၀န်ကြီးချုပ်သစ်ဟာ သူ ခန့်အပ်ခံရပြီး မကြာခင်မှာ သူ့ရဲ့လူအများစုကို သက်သေပြဖို့ ပါလီမန်လွှတ်တော်မှာ တရားဝင်လုပ်ငန်းစဉ်ဖြစ်တဲ့ ယုံကြည်မှုဆန္ဒမဲကို ရင်ဆိုင်ရဦးမှာဖြစ်တယ်လို့ ဘုရင်က ပြောကြားပါတယ်။ 

ရှေ့နေသင်တန်းဆင်း တစ်ဦးဖြစ်သူ အသက် ၆၁ နှစ်အရွယ် အစ္စမေးလ်ဆာဘရီဟာ ၂၀၀၄ ခုနှစ်ကတည်းက လွှတ်တော်အမတ် တစ်ဦးဖြစ်ပြီး မူဟစ်ဒင်ယာဆင် မတိုင်မီ တခြား၀န်ကြီးချုပ် ၂ ဦးရဲ့အောက်မှာ အစိုးရအဖွဲ့၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကျေးလက်နဲ့ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေးနဲ့ပြည်တွင်းကုန်သွယ်မှု အပါအ၀င် တာဝန်အမျိုးမျိုး ယူခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up