အင်္ဂလန်မီဒီယာများ ပြဿနာမေးခွန်းသာ မေးလေ့ရှိကြောင်း မော်ရင်ဟို ဝေဖန်

အင်္ဂလန်မီဒီယာတွေဟာ ပြဿနာမေးခွန်းတွေပဲ အစဉ်အမြဲမေးလေ့ရှိတယ်လို့ နည်းပြမော်ရင်ဟို က ဝေဖန်ပါတယ်။
ပေါ်တူဂီနည်း ပြမော်ရင်ဟိုဟာ လက်ရှိအချိန်မှာ အီတလီစီးရီးအေကလပ်ရိုးမား အသင်းကို ကိုင်တွယ်နေတာပါ။
ချဲလ်ဆီ၊ မန်ယူနဲ့ စပါးအသင်းတွေကို ကိုင်တွယ်ခဲ့စဉ်က အင်္ဂလန်မီဒီယာတွေဟာ ပြဿနာဖြစ်စေပြီး အငြင်းပွားစေမယ့်မေးခွန်းတွေပဲ မေးလေ့ရှိကာ အီတလီမှာတော့ အဲဒီလိုမဟုတ်ကြောင်း စီးရီးအေပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မော်ရင်ဟိုက ပြောပါတယ်။
“ကျနော်အင်္ဂလန်မှာတုန်းက အီတလီက သတင်းစာရှင်းလင်းပွဲတွေကို လွမ်းတယ်ကွာလို့ ကျနော့်ဝန်ထမ်းတွေကို အမြဲပြောခဲ့ဖူးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလန်မှာက အငြင်းပွားဖွယ်ရာ ကိစ္စတွေပဲမေးလေ့ရှိတယ်။ အီတလီမှာတော့ နည်းစနစ်အကြောင်း တွေ မပြောချင်ဘူး။ အီတလီကလူတွေက နည်းစနစ်နဲ့ သုံးသပ်ချက်တွေမှာ တအားတော်နေကြလို့ ဖြစ်ပါတယ်။”
ရိုးမားအသင်းက ထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်ပေမယ့် ဆုဖလားမရတာ ကြာမြင့်နေပြီဆိုတာကိုလည်း သိရှိထားဖို့လိုပြီး အချိန်ယူပြီး တည်ဆောက်သွားရမယ်လို့ နည်းပြမော်ဟိုက ပြောခဲ့ပါတယ်။