စကော့တလန်ကိုအနိုင်ရရန် အင်္ဂလန်အသင်းမကြိုးပမ်းခဲ့ဟု မော်ရင်ဟို ဝေဖန်

ယူရို၂၀၂၀ အုပ်စုဒုတိယပွဲစဉ်ဖြစ်တဲ့ အင်္ဂလန်နဲ့ စကော့တလန်ပွဲစဉ်ဟာ ဂိုးမရှိသရေကျခဲ့ ပြီး အင်္ဂလန်အသင်းက အနိုင်ရဖို့မကြိုးစားခဲ့ကြောင်း နည်းပြမော်ရင်ဟိုက ဝေဖန်လိုက်ပါတယ်။
အင်္ဂလန်အသင်းအနေနဲ့ အနိုင်ရလဒ်အတွက် ဘာစွန့်စားမှမလုပ်ဆောင်ခဲ့ဘဲ ရှုံးပွဲတွေ့မှာလည်း ကြောက်နေခဲ့တယ်လို့ Talk Sport နဲ့ သုံးသပ်ချက်အစီအစဉ်မှာ မော်ရင်ဟိုက ဝေဖန်ခဲ့တာပါ။
“အနိုင်ရဖို့အတွက် စိတ်ဆန္ဒကော စွန့်စားမှုပါ အင်္ဂလန်အသင်းဆီမှာ မမြင်တွေ့ခဲ့ရပါဘူး။ သူတို့ အနေနဲ့စကော့တလန်ကို အနိုင်ရချင်တယ်ဆိုရင် တိုက်စစ်အားကောင်းဖို့အတွက် ကွင်းလယ်က ဖိလစ်ကို မိနစ် ၆၀ လောက်မှာ လူစားလဲရမှာပါ။ ဒါပေမဲ့ သူတို့မှာရှုံးမှာ ကြောက်တဲ့ စိတ်မျိုးဖြစ် နေခဲ့တယ်”လို့ မော်ရင်ဟိုက ဝေဖန်ခဲ့တာဖြစ်ပါတယ်။
မော်ရင်ဟိုဟာ အင်္ဂလန်ကလပ်တွေဖြစ်တဲ့ ချဲလ်ဆီး ၊ မန်ယူနဲ့ စပါးအသင်းတွေကို ကိုင်တွယ်ခဲ့ပြီး လာမယ့်ရာသီမှာ ရိုးမားအသင်းကို ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။