close

အမေစုမေတ္တာ ဆေးခန်းဖွင့်လှစ်ဖူးသည့် ပဲခူးမြို့မှ ခြံတစ်ခြံကို စစ်ကောင်စီတပ်များ ဝင်စီး

အမေစုမေတ္တာ အခမဲ့ဆေးခန်းဖွင့်လှစ်ဖူးတဲ့ ပဲခူးမြို့ အင်းဝင် ၆ လမ်းထိပ်က ခြံတစ်ခြံကို စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ဩဂုတ်လ ၂၂ရက် ညနေ ၃ နာရီလောက်က ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပဲခူးမြို့၊ အင်းဝင် ၆ လမ်းထိပ်က ခြံပိုင်ရှင်ရဲ့ သားနဲ့သူ့သူငယ်ချင်းတွေ ခြင်းခတ်ပြီး ဝတ်စုံတူနဲ့ ပြန်လာတာကို ဝင်ရောက်စီးနင်းတာလို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

“ခြံပိုင်ရှင်သားတွေက ခြင်းခတ်ပြီးပြန်လာတာ။ ဝတ်စုံတူတွေနဲ့ဆိုတော့ ဘာထင်လို့လဲမသိဘူး။ ဒလန်က သတင်းပေးလိုက်တာနေမှာပေါ့။ စစ်သားတွေရဲတွေ အင်အား ၅ဝ​ လောက်က ဝင်ပြီး ခြံကိုဝိုင်းထားတယ်။ ပြီးတော့ ဘယ်သူ့မှတော့ မဖမ်းသွားဘူး။”

စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး မကြာခင်မှာပဲပြန်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

အဲဒီခြံဟာ အရင်တုန်းက အမေစုမေတ္တာ အခမဲ့ဆေးခန်းဖွင့်လှစ်ခဲ့တဲ့ နေရာဖြစ်ပြီး နောက်ပိုင်းမှာ ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up