close

စစ်ကောင်စီ ဒု-တပ်ကြပ် ၁ ဦးကို ယင်းမာပင် PDF က ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ သြဂုတ် ၂၅ ရက်ည​နေပိုင်းက ​ကျေးရွာတစ်ရွာအတွင်း ဝင်လာတဲ့ အမည်မသိ လူစိမ်းတစ်​ယောက်ကို မသင်္ကာလို့ စစ်​ဆေးရာမှာ ဒု-တပ်ကြပ်အဆင့်ရှိ စစ်​ကောင်စီတပ်သားတစ်ဦးဖြစ်တာတွေ့ရလို့  ယင်းမာပင် PDF အဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

သြဂုတ် ၂၅ ရက် ည​နေ ၅ နာရီ​လောက်မှာ ရွာထဲက ဆိုင်တစ်ဆိုင်မှာ ​စျေးဝယ်​နေတဲ့ အရပ်ဝတ်နဲ့ မျက်နှာစိမ်းတစ်​ယောက်ကို မသင်္ကာလို့ ​ဖမ်းဆီး​မေးမြန်းခဲ့တာလို့ ​ဒေသခံ PDF အဖွဲ့ဝင်တစ်​ယောက်က ပြောပါတယ်။

"တွေ့​တွေ့ခြင်း ​မေးမြန်းတုန်းက စကားကို ဟို​ပြောဒီ​ပြော ​ဖြေ​နေတာ။ သူ့မှာ ​ဆေးစွဲထားတဲ့ပုံစံ​။ ဒီ​နေ့ (သြဂုတ်၂၆)မနက် ​ကျမှ သူ့အမူအရာက ပုံမှန်ဖြစ်ပြီး စကား​ပြောတာ​တွေက မှန်သလိုဖြစ်​နေ​တော့ ထပ်မံ​မေးမြန်းကြည့်​တာ သူက ​နေပြည်​တော်က လာတာဖြစ်​ကြောင်း၊ ဒီနယ်ကို မလာချင်​ပေမယ့် လာရ​ကြောင်းနဲ့ ဆေးထိုး​ပေးတာခံရ​ကြောင်း ​ပြောတယ်။​သူ စစ်သားပါလို့လည်း ဝန်ခံတယ်၊ ဒုတပ်ကြပ်လို့လည်း ​ပြောတယ်။ ​နေပြည်​တော်က​နေ ၇ ​ယောက် လွှတ်လိုက်တာဖြစ်​ကြောင်း၊ မုံရွာမှာ ၂ ​ယောက်​နေခဲ့တယ်၊ မြစ်ကမ်းပါး​ဘေးမှာ ၂ ​ယောက်ကျန်ခဲ့တယ်၊ ဒီဘက်ကို​တော့ သူအပါအဝင် ၃ ​ယောက်လာတယ်လို့ ​ပြောတယ်။” 

နောက် ၂ ရက် ၃ ရက်​လောက်​နေရင် နေပြည်​တော်က တပ်ရင်း ၆ ခု​လောက်လာမှာဖြစ်ကြောင်းနဲ့ သူတို့က ဒီနယ်​မြေကိုလာပြီး အရင်​လေ့လာတာလို့လည်းဆိုပါတယ်။ 

ဖမ်းမိထားတဲ့သူဟာ ဒု တပ်ကြပ်အဆင့်ရှိ စည်သူငြိမ်း ဆိုသူဖြစ်ပြီး သူ့ရဲ့ လည်ပင်းမှာလည်း တုတ်​ချောင်းတစ်ခုခုနဲ့ ရိုက်ခံထားရတဲ့ အရာ  ၃ ​ကြောင်းတွေ့ရတယ်လို့လည်း ဆိုပါတယ်။

ဖမ်းမိထားတဲ့အဆိုပါ ဒုတပ်ကြပ်ကို ဘာမှမလုပ်​သေးဘဲ ယာယီထိမ်းသိမ်းထားတယ်လို့  ​ဒေသခံ PDF အဖွဲ့ဝင်တစ်​ယောက်က ​ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up