close

မိုင်းလင်းဆရာတော်ကြီး ကိုဗစ်-၁၉ ကူးစက်ခံရပြီး ပျံလွန်တော်မူ

ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ထင်ရှားတဲ့ မိုင်းလင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိမလဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ဩဂုတ် ၂၆ ရက် မွန်းတည့် ၁၂နာရီမထိုးမီအချိန်က ပျံလွန်တော်မူသွားပါတယ်။

တာချီလိတ်မြို့နယ်၊ တာလေမြို့ မိုင်းလင်းအနောက်ကျေးရွာအုပ်စုမှာရှိတဲ့ ဓာတ်စွမ်စိုင့်ဟိုနမ့်တောရ ဝိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက်ရဲ့ မဟာမင်္ဂလဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဘရာဇာခူး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မိုင်းလင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိမလကို ဩဂုတ် ၂၄ ရက်က ကျန်းမာရေးစစ်ဆေးကြည့်ရာမှာ ကိုဗစ်-၁၉ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ပြီးနောက် ကျိုင်းတုံမြို့က စစ်ဆေးရုံကို ပင့်ဆောင်ကုသစဉ်မှာ ပျံလွန်တော်မူသွားတာ ဖြစ်ပါတယ်။

ဆရာတော်ကြီးဟာ ပျံလွန်တော်မူချိန်မှာ သက်တော် ၅၉ နှစ်၊ ဝါတော် ၃၀ ရှိနေပြီ ဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးဟာ တာချီလိတ်ခရိုင်အတွင်းမှာရှိတဲ့ မိုင်းယောင်းမြို့နယ် (၁၇)မိုင် ဓမ္မဂမ္ဘီရသာသနာ့စွမ်ဟိန်းလှိုင်ဂူတော်မှာ တရားအားထုတ်တာ၊ ဝါတွင်းကာလ တရားတော် ဟောကြားတော်မူခဲ့ပြီး  သာသနာပြုနေတာ  ၁၅ လကျော်ပြီ ဖြစ်ပါတယ်။ 

ဆရာတော်ဘုရာကြီးရဲ့ အန္တိမအဂ္ဂိ ဈာပနာကို ကျင်းပမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ကျိုင်းတုံမြို့မှာ ဆွေးနွေးတိုင်ပင်နေတယ်လို့ သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up