နိုင်ဂျီးရီးယားတွင် လူ ၃၆ ဦးထက်မနည်း ပစ်သတ်ခံရ

နိုင်ဂျီးရီးယားနိုင်ငံအလယ်ပိုင်း ယော့ရှ်မြို့နားက ရွာတစ်ရွာကို ညဘက်စီးနင်းမှုအတွင်း တိုက်ခိုက်သူတွေဟာ လူ ၃၆ ယောက်ထက်မနည်းကို ပစ်သတ်ခဲ့အပြီး အဆောက်အအုံတွေကို ဖျက်ဆီးခဲ့တယ်လို့ အရာရှိတွေက သြဂုတ် ၂၅ ရက်မှာ ပြောပါတယ်။
ဒီဒေသဟာ တိုင်းရင်းသားမျိုးနွယ်စုတွေ ထပ်ခါတလေ ပဋိပက္ခ ဖြစ်နေကျနေရာလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
ယယ်ဝါဇမ်ဂံရွာမှာ သြဂုတ်၂၄ ရက်နှောင်းပိုင်းက သေနတ်သမားတွေ ရောက်လာပြီး ရွာခံတွေကို တအိမ်တက်ဆင်း သတ်ဖြတ်ခဲ့တယ်လို့ စစ်တပ် ပြောခွင့်ရက ပြောပါတယ်။
တံတားတစင်း ပျက်နေလို့ စစ်တပ်က အဲဒီဧရိယာကို ရောက်ဖို့ ကြိုးစားခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
ယော့ရှ်မြို့မှာ နိုင်ဂျီးရီးယားမြောက်ပိုင်းတခုလုံးကို လွှမ်းမိုးထားတဲ့ ဟောင်ဆာ ဖူလာနီ တိုင်းရင်းသားအုပ်စုနဲ့ တခြားတိုင်းရင်းသားအုပ်စုငယ်တွေကြား ပုံမှန်တိုက်ပွဲ ဖြစ်တာကို မြင်ရလေ့ ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
တင်းမာမှုတွေရဲ့ အကြောင်းရင်းက ဆင်းရဲမွဲတေမှုဖြစ်ပြီး တိုင်းရင်းသားနဲ့ ဘာသာရေးဆိုင်ရာ ပြိုင်ဆိုင်မှုတွေရှုပ်ထွေးတဲ့ အလယ်ပိုင်း ခါးပတ်ဒေသမှာ သယံဇာတနဲ့ အလုပ်အကိုင်အတွက် ပြိုင်ဆိုင်မှု ပိုအရှိန်မြင့်လာနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။