close

ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ်နှင့်ကေအန်ယူ ၂ ရက်အတွင်း တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွား

ကရင်ပြည်နယ် ဖာပွန်ခရိုင် (မူတြော်ခရိုင်) ဘူးသိုမြို့နယ် သူးမွဲထာဒေသမှာ ကေအန်ယူနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ၂ ရက်အတွင်း တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သြဂုတ် ၂၇ ရက် မနက်ပိုင်းက ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဖြစ်တဲ့ သူးမွဲထာဒေသ ခေါပု ကျေးရွာအုပ်စုနဲ့ ဘွားဒဲ ကျေးရွာအုပ်စုအတွင်းမှာ ဝင်လာရောက်လုပ်ရှားနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ သြဂုတ် ၂၅ ရက်နဲ့ ၂၆ ရက်နေ့အထိ  တိုက်ပွဲပေါင်း ၁၁ ကြိမ်ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားရာမှာ  စကခ (၈) လက်အောက် ခမရ-၃၄၁၊ ခမရ-၄၁၀၊ ခလရ-၁၉၊ ခမရ-၄၀၁ တပ်ရင်းတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ၁၅ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

သြဂုတ်လ ၁ ရက်နေ့ကစတင်ပြီး  စစ်ကောင်စီတပ်တွေ ကေအန်ယူ တပ်မဟာ ၅ နယ်မြေအတွင်း ပိုမိုလုပ်ရှားလာတဲ့အပြင် စစ်လက်နက်ပစ္စည်းနဲ့အင်အား ဆက်လက်ပို့ဆောင်​နေတဲ့အတွက် တိုက်ပွဲတွေ ဆက်ပိုမိုပြင်းထန်လာနိုင်တယ်လို့ ကေအန်အယ်လ်အေ တပ်မဟာ ၅ ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up