ကဘူးလ်လေဆိပ်အနီး ပစ်ခတ်မှုဖြစ်

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးက လေဆိပ်နားမှာ သြဂုတ် ၂၈ ရက်မှာ သေနတ်သံတွေ ထပ်ခါတလဲ ကြားရပြီး မျက်ရည်ယိုဓာတ်ငွေ့တွေ လေထဲမှာ ဝေ့ပျံနေတာကို တွေ့ရတာပါ။
နိုင်ငံထဲကနေ တပ်တွေနဲ့ အရပ်သားတွေကို ဘေးကင်းရာ ကယ်ထုတ်ဖို့ စစ်ဆင်ရေးအဆုံးသတ်ချိန် နီးလာလို့ နောက်ထပ် ပေါက်ကွဲမှုတွေ ဖြစ်လာနိုင်တယ်လို့ အမေရိကန်က သတိပေးထားပါတယ်။
လူစုခွဲဖို့ လေဆိပ်အပြင်မှာ တာလီဘန်တွေ ပစ်ခတ်နေတာဖြစ်ပုံရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
“နိုင်ငံခြားတပ်တွေက လေဆိပ်အထဲကနေ ပစ်ခတ်နေတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ တာလီဘန်တွေက စစ်ဆေးရေးဂိတ်တွေ ပိုတိုးချထားလို့ လေဆိပ်အပြင်က လူအုပ်က ကျဲနေပြီ”လို့ တခြားမျက်မြင်သက်သေ တစ်ယောက်က ပြောပါတယ်။
၏ဘယ်ဘက်က ပစ်ခတ်တယ်ဆိုတာ သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးပြီး အတည်မပြု နိုင်ပါဘူး။
ကဘူးလေဆိပ်အပြင်မှာ ဗုံးခွဲမှုကြောင့် အမေရိကန်စစ်သည်တွေ သေဆုံးရတာကို လက်တုံ့ ပြန်တဲ့အနေနဲ့ အမေရိကန်က အိုင်အဲ့စ်စစ်သွေးကြွ စီစဉ်သူကို တိုက်ခိုက်ခဲ့အပြီးမှာ လေဆိပ် ပစ်ခတ်မှု ထပ်ဖြစ်ခဲ့တာပါ။
လေဆိပ်ဝင်ပေါက် တစ်ခုမှာ ဗုံးခွဲခံရအပြီး လေဆိပ်မှာ ခြိမ်းခြောက်မှုတွေ ရှိနေတုန်းပဲလို့ ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရ ဂျွန် ကာဘီက ပြောခဲ့ပါတယ်။