close

အကြမ်းဖက်စစ်ကောင်စီက ဦးနိုင်ငံလင်း၏ ဇနီးကိုဖမ်းဆီးထားရာက ပြန်လွှတ်

ထောင်ဝင်စာသွားတွေ့ချိန်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းရဲ့ ဇနီးကို အကြမ်းဖက်စစ်ကောင်စီက ဩဂုတ်လ ၃၀ ရက် ညပိုင်းက ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဦးနိုင်ငံလင်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းက ဦးနိုင်ငံလင်းရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် အသိပေးထားခဲ့တာပါ။

“ကျမ ကိုနိုင်ငံလင်းရဲ့ အမျိုးသမီးပါ။ ကျမ Khin sandar win အကောင့်ပျက်သွားလို့ပါ။ ကျမအမျိုးသားအကောင့်နဲ့သုံးမှာပါ။ ကျမကို 30- 8- 2021 ည ၈ နာရီလောက်မှာ အိမ်သို့ပြန်ပို့ပါတယ်”

လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းရဲ့ ဇနီး ဒေါ်ခင်စန္ဒာဝင်းနဲ့ သားဖြစ်သူကို စစ်ကောင်စီက ဩဂုတ် ၂၅ ရက်က ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် သူနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ လေးငါးယောက်ကိုလည်း သူတို့ရဲ့ နေအိမ်တွေကို လိုက်ပို့ပေးခဲ့ပြီး မျက်လုံးတွေ စည်းထားတာကြောင့် ဘယ်သူဘယ်ဝါတွေဆိုတာကို အတိအကျ မသိရဘူးလို့ ပြောပါတယ်။

ဒေါ်ခင်စန္ဒာဝင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကို ရိက္ခာထောက်ပံ့ နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကိုတော့ အကြမ်းဖက် စစ်ကောင်စီက အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက လက်ရှိအချိန်ထိ ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up