close

ကလေးမြို့တွင် စစ်ကောင်စီတပ်သား အယောက် ၂၀ ထွက်ပြေး

စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ကောင်စီတပ်သား အယောက် ၂၀ သြဂုတ် ၃၁ ရက် ညပိုင်းက လက်နက်တွေနဲ့အတူ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား အယောက် ၂၀ ဟာ ကလေး PDF တပ်ခွဲစခန်းတစ်ခုကို ဆက်သွယ်ပြီး ထွက်ပြေးခဲ့တာလို့ ဆိုပါတယ်။

ကလေး PDF တပ်ဖွဲ့ဝင်တစ်ဦးက “မနေ့ညနေပိုင်းမှာ ကင်းချထားတဲ့ စစ်သားအယောက် ၂၀ ဦး ထွက်ပြေးခဲ့တယ်။ ထွက်ပြေးတာ ကျနော်တို့ ကလေး PDF တပ်ခွဲစခန်းတစ်ခုကို ဆက်သွယ်ပြီး ထွက်ပြေးခဲ့တယ်။ အခုထိရောက်မလာသေးဘူး” လို့ ပြောပါတယ်။

ထွက်ပြေးလာတဲ့ စစ်သားတွေဟာ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ကလေး) က ဖြစ်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဖို့ ထောက်ကြံ့နဲ့ စည်သာရွာအနီးမှာ ချထားတာလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up