close

ရေစကြိုမြို့နယ်၌ စစ်ယာဉ်တန်းအပါအဝင် ၃ နေရာကို PDF က မိုင်းဆွဲတိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စက်တင်ဘာလ ၈ ရက်နေ့က အကြမ်းဖက်စစ်အုပ်စု ယာဥ်တန်း အပါအဝင်  နေရာ ၃ နေရာမှာ ဖောက်ခွဲမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အကျဆုံးများနိုင်တယ်လို့ ရေစကြို PDF အဖွဲ့ခေါင်းဆောင်က ဒီဗွီဘီကို ပြောပါတယ်။

ရေစကြိုမြို့နယ် ဆန်းသစ်ရွာ တောင်ဘက်မှာ ဒီကနေ့ညနေ ၆ နာရီလောက်က ပခုက္ကူကနေ မြောင်မြို့နယ်ဘက်ကို သွားတဲ့ စစ် ကား ၄ စီး ကို PDF တပ်ဖွဲ့က ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်တာလို့လည်း ပြောပါတယ်။

အဲဒီဖောက်ခွဲတိုက်ခိုက်ပြီးတဲ့နောက် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပြန်လည်ပစ်ခတ်နေတာကြောင့် အထိခိုက်မရှိအောင် ဘေးလွတ်ရာကို ဆုတ်ခွာနေရတာကြောင့် သေဆုံး ဒဏ်ရာသူ  အတိကျမသိနိုင်ဘူးလို့လည်း ဆိုပါတယ်။

မြောင်မြို့နယ်နဲ့ ရေစကြိုမြို့နယ် အစပ်မှာ ဒီကနေ့မနက်ပိုင်းကတည်းက တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်နေတာကြောင့် ရေစကြို PDF က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

ရေစကြိုမြို့နယ် PDF တပ်ဖွဲ့က ဒီကနေ့ မနက်ပိုင်းက ပျူစောထီးအဖွဲ့ဝင်လို့ နာမည်ထွက်နေတဲ့ ကိုရှိန်းရဲ့ ဆီဆိုင်ကို ဖောက်ခွဲခဲ့သလို မွန်းလွဲ ၂ နာရီလောက်မှာလည်း မြို့နယ်စိုက်ပျိုးရေးရုံးကို ဖောက်ခွဲခဲ့တယ်လို့ အတည်ပြုပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up