close

စီးပွားရေးလုပ်ငန်းများအတွက် ကိုဗစ်ချေးငွေပြန်ဆပ်ကာလကို ဒုတိယအကြိမ် ၆ လ သက်တမ်းထပ်တိုး

စီးပွားရေးလုပ်ငန်းတွေအတွက် ကိုဗစ်ချေးငွေပြန်ဆပ်ရမယ့်ကာလကို ဒုတိယအကြိမ် ၆ လ သက်တမ်းထပ်တိုးလိုက်တယ်လို့ ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေး သက်ရောက်မှုတွေအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ပါတယ်။

ဒီချေးငွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်  ထိခိုက်မှု အများဆုံးခံစားခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ကုစားဖို့အတွက် ချေးငွေ သက်တမ်းတစ်နှစ် အတိုးနှုန်း ၁ ရာခိုင်နှုန်း နဲ့ ကိုဗစ်-၁၉ ရန်ပုံငွေကနေ ချေးငွေထုတ်ပေးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၀ ဧပြီလကနေ စတင်ပြီး အသုတ်လိုက် ထုတ်ချေးပေးခဲ့တာပါ။ စစ်ကောင်စီ လက်ထက်မှာ  ချေးငွေပြန်ဆပ်ကာလကို  ၆ လသက်တမ်း နှစ်ကြိမ် သက်တမ်းတိုးပေးခဲ့တာ ဖြစ်ပါတယ်။

ဒီချေးငွေတွေကို အရင်းနဲ့အတိုး တပေါင်းတည်းပြန်ဆပ်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေဆီကို ပြန်လည်တောင်းခံတဲ့ ညွှန်ကြားချက်တစ်စောင်ကိုလည်း ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မူ တွေအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါသေးတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up