ရန်ကုန်တွင် ဆန်တပြည် ကျပ် ၁၀၀၀ မှ ၂၀၀၀ ဝန်းကျင်နှုန်းဖြင့် ရောင်းချပေးနေ

ဆန်စပါးအသင်းတွေ ပူးပေါင်းပြီး ရန်ကုန်မှာ ဆန်တပြည်ကို ကျပ် ၁၀၀၀ ကနေ ၂၀၀၀ ဝန်းကျင်နှုန်းနဲ့ ရောင်းချပေးနေပါတယ်။
ဧည့်မထဆန် ၁၀၈ ပေါင်(၂၄ ပြည်) တအိတ်ကို ကျပ် ၂၄၀၀၀ နှုန်း၊ ရက် ၉၀ ဆန် တအိတ်ကို ၂၇၅၀၀ ကျပ်နှုန်း၊ ဧရာဝတီပေါ်ဆန်းနဲ့ ဧရာမင်းပေါ်ဆန်းက တအိတ်ကို ၄၂၀၀၀ ကျပ်နှုန်း၊ ရွှေဘိုပေါ်ဆန်း တအိတ်ကို ကျပ် ၅၂၀၀၀ နှုန်းနဲ့ ရောင်းချနေတာပါ။
ဝယ်ချင်သူတွေအနေနဲ့ ကြိုက်ရာဆန်ကို ၁ အိတ်ကနေ ၃ အိတ်အထိ ဝယ်ယူနိုင်တယ်လို့ ဆိုပြီး မနေ့ကစလို့ ရောင်းချနေတာဖြစ်ပါတယ်။ ဝါးတန်းကုန်စည်ဒိုင်မှာ မနက် ၉ နာရီကနေ ညနေ ၃ နာရီအတွင်း လာရောက်ဝယ်ယူနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒီအစီအစဉ်ကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ဆန်စပါးကုန်သည်များအသင်းနဲ့ ဝါးတန်း ဆန်စပါးကုန်စည်ဒိုင်တို့ ပူးပေါင်းလုပ်နေတာပါ။