ဒဂုံတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၆ ဦးကို စစ်တပ်က ဖမ်းဆီး

ဒဂုံတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၆ ဦးကို အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးသွားတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက စက်တင်ဘာ ၁၅ ရက် ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။
ဒဂုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများတွေဖြစ်တဲ့ မဝတ်ရည်အောင် (သတ္တဗေဒ)၊ မသဉ္ဇာဇော် (ဓာတုဗေဒ)၊ မောင်စည်သူအောင်တင် (ဥပဒေ)၊ မောင်ရဲလင်းဦး (ရှေး/သု)၊ မောင်မြင့်သိန်းနိုင် (ပထဝီဝင်)၊ နဲ့ မောင်နေထက်လင်း (သမိုင်း) တို့ကို စက်တင်ဘာ ၁၄ ရက် မနေ့ ညက စစ်တပ်က ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
အဆိုပါကျောင်းသား ကျောင်းသူတွေကို ဘာကြောင့် ဖမ်းဆီးတယ်၊ ဘယ်မှာ ထိန်းသိမ်း ထားတယ်ဆိုတာ လတ်တလော အသေးစိတ်မသိရသေးပါဘူး။