ဆားလင်းကြီး အမှတ် ၂၆ ရဲတပ်ရင်း ဗုံးခွဲခံရ

စစ်အာဏာရှင်ကို ဆန္ဒပြချိန် မုံရွာမြို့တော်ခန်းမအနီး လုံခြုံရေးတပ်ဖွဲ့များ တာဆီးထားစဉ်က
2
စစ်ကိုင်းတိုင်း ဆာလင်းကြီးမြို့နယ် အမှတ် ၂၆ ရဲတပ်ရင်း စက်တင်ဘာ ၁၅ ရက် ည ၈ နာရီလောက်က ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ အနီးဝန်းကျင်နေ ဒေသခံတွေက ပြောပါတယ်။
ဗုံးခွဲခံရပြီးချင်း စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေက ပြန်လည်ပစ်ခတ်ခဲ့လို့ သေနတ်သံတွေ ကြားရတယ်လို့ အနီးဝန်းကျင်ရှိ ပြည်သူ တစ်ဦးက ပြောပါတယ်။
“ပထမတော့ ဗုံးသံကြားရတယ်။ ဗုံးသံကြားပြီး မကြာဘူး သေနတ်သံတွေပါကြားရတယ်။ အပြန်အလှန်ပစ်တာလား ဘယ်လိုလဲ ဆိုတာတော့ မသိဘူး။”
ဘယ်အဖွဲ့က ဗုံးခွဲ တိုက်ခိုက်ခဲ့တယ်ဆိုတာနဲ့ ထိခိုက်ပျက်စီးတဲ့ အခြေအနေကိုတော့ မသိရှိရသေးပါဘူး။