သြစတြေးလျ-အမေရိကန်ဝန်ကြီးအဆင့် ဆွေးနွေးပွဲ ဝါရှင်တန်တွင် ပြုလုပ်

သြစတြေးလျ-အမေရိကန် ဝန်ကြီးအဆင့် (AUSMIN) ညှိနှိုင်းဆွေးနွေးမှုတွေကို ဝါရှင်တန်ရှိ အမေရိကန်သံရုံးမှာ စက်တင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့ကြပါတယ်။
အမေရိကန်၊ သြစတြေးလျနဲ့ ဗြိတိန်တို့ဟာ AUKUS လို့ခေါ်တဲ့ လုံခြုံရေး သဘော တူညီချက် အသစ်ကို လုပ်ဆောင်ခဲ့ပြီးနောက်မှာ အစည်းအဝေး ကျင်းပခဲ့တာဖြစ်ပါတယ်။
AUKUS ဟာ အထူးသဖြင့် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲမှာ သူ့ရဲ့ ဒေသတွင်းလွှမ်းမိုးမှုကို တန်ပြန်ဖို့လို့ တရုတ်က ရှုမြင်ဖွယ်ရှိနေပါတယ်။
အစီအစဉ်အရ အမေရိကန်နဲ့ဗြိတိန်တို့ဟာ သြစတြေးလျကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ နေရာချထားဖို့ နည်းပညာနဲ့စွမ်းရည်တွေ ပံ့ပိုးပေးမှာဖြစ်ပါတယ်။
သြစတြေးလျနဲ့ ကိုယ်ပိုင်ရေငုပ်သင်္ဘော သဘောတူညီချက် ဆုံးရှုံးခဲ့တဲ့ ပြင်သစ်က အစီအစဉ်တွေဟာ ရက်စက်ပြီး မခန့်မှန်းနိုင်ဘူးလို့ ပြောပါတယ်။
အမေရိကန်နဲ့သူ့ရဲ့မဟာမိတ်တွေဟာ တရုတ်ရဲ့ကြီးထွားလာတဲ့ အာဏာပါဝါနဲ့ သြဇာလွှမ်းမိုးမှုကို ဆန့်ကျင်တွန်းလှန်ဖို့ အထူးသဖြင့် တရုတ်ရဲ့စစ်ရေးတည်ဆောက်မှု၊ ထိုင်ဝမ် အပေါ်ဖိအားပေးမှုနဲ့ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အတွင်း နေရာဖြန့်ကျက် ချထားမှုတို့ကို ဆန့်ကျင်ဖို့ နည်းလမ်းတွေ ရှာဖွေနေတာပါ။
အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျတို့အကြား အင်ဒို-ပစိဖိတ်လုံခြုံရေး မဟာမိတ် အသစ်ဖွဲ့မှုကို တရုတ်က စက်တင်ဘာ ၁၆ ရက်နေ့မှာ ပြစ်တင်ရှုတ်ချလိုက်ပြီး ဒီလိုပူးပေါင်း လုပ်ဆောင်မှုတွေဟာ တတိယနိုင်ငံတွေကို ပစ်မှတ်မထားသင့်ကြောင်းနဲ့ ဒေသတွင်းမှာ လက်နက်အပြိုင်အဆိုင် ပြင်းထန်လာမယ်လို့ သတိပေးပြောကြားသွားပါတယ်။