လိဂ်ဖလားစတုတ္ထအဆင့်တွင် လီဗာပူးကလွဲပြီး ကျန်အသင်းကြီးများ လိဂ်ပြိုင်ဘက်များနှင့်တွေ့ဆုံ

EFL ကရာဘောင်လိဂ်ဖလား စတုတ္ထအဆင့်ပွဲစဉ်များ မဲနှိုက်ရွေးချယ်ခဲ့ရာမှာ လီဗာပူးကလွဲပြီး ကျန်ထိပ်သီးအသင်းတွေက ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
လက်ရှိချန်ပီယံ မန်စီးတီးက မန်ယူအသင်းကို ကျော်ဖြတ်လာတဲ့ ဝက်စ်ဟမ်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာပါ။
ဗီလာကို ပင်နယ်တီ အဆုံးအဖြတ်နဲ့အနိုင်ယူခဲ့တဲ့ ချဲလ်ဆီးက ဆောက်သမ်တန်နဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာပါ။
အာဆင်နယ်က လိဒ်ယူနိုက်တက်နဲ့ အိမ်ကွင်းပွဲစဉ်၊ စပါးက ဘန်လေနဲ့အဝေးကွင်းပွဲစဉ်၊ လက်စတာက ဘရိုက်တန်နဲ့ အိမ်ကွင်းပွဲစဉ်တွေအနေနဲ့ ယှဉ်ပြိုင်သွားရမှာပါ။
လီဗာပူးအသင်းကတော့ ချန်ပီယံရှစ်ကလပ် ပရက်စတန်နဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး စတုတ်စီးတီးနဲ့ ဘရန့်ဖို့ဒ်၊ ကျူပီအာနဲ့ဆန်းဒါးလန်းတို့ တွေ့ဆုံခဲ့ပါတယ်။
စတုတ္ထအဆင့်မှာ စုစုပေါင်း ၁၆ သင်းပါဝင်ပြီး ပွဲစဉ် ၈ ပွဲ ယှဉ်ပြိုင်ကစားရမှာပါ။ လာမယ့် အောက်တိုဘာ ၂၆ နဲ့ ၂၇ ရက်တွေ ယှဉ်ပြိုင်ကစားကြရမှာဖြစ်ပါတယ်။