အာနိုးလ်၏ခြေစွမ်းကို ဘက်ခမ်းနှင့် ဒီဘရိုင်းတို့၏ခြေစွမ်းနှင့် ဂယ်ရီနဗီးလ် နှိုင်းယှဉ်ချီးကျူး

လီဗာပူးနောက်ခံလူ အာနိုးလ်ဟာ ဒေးဗစ်ဘက်ခမ်းနဲ့ ဒီဘရိုင်းတို့ ညာစွန်မှာ ကစားသလို ခြေစွမ်းရှိကြောင်း မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ချီးကျူးပါတယ်။
စကိုင်းစပေါ့ရုပ်သံမှာ လီဗာပူး နောက်ခံလူဟောင်း ကာရေဂါနဲ့ သုံးသပ်ချက်အစီအစဉ်မှာ နဗီးလ်က အာနိုးလ်ကို ချီးကျူးသွားခဲ့တာပါ။
အာနိုးလ်ဟာ လိဒ်ယူနိုက်တက်ကို ၃ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြခဲ့ပြီး ဘောလုံးပေးပို့မှုမှာ အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ နဗီးလ်က ချီးကျူးပါတယ်။
“ကျနော် မြင်ဖူးသမျှ ညာနောက်ခံ လူတွေထဲမှာတော့ သူက အကောင်းဆုံးဘောလုံးပေးပို့နိုင်သူပါ။ သူက ဒေးဗစ်ဘက်ခမ်းနဲ့ ဒီဘရိုင်းတို့ ညာနောက်ခံလူနေရာမှာ ကစားနေသလိုပါပဲ”လို့ ဂယ်ရီနဗီးလ်က ချီးကျူးခဲ့တာဖြစ်ပါတယ်။
အာနိုးလ်ဟာ အန်ဒိုရာနဲ့ ကစားခဲ့တဲ့ အင်္ဂလန်အသင်းမှာ ကွင်းလယ်လူနေရာကို ဝင်ရောက်ကစားခဲ့ပေမယ့် အဲဒီနေရာဟာ အာနိုးလ်နဲ့ လိုက်ဖက်တဲ့ နေရာမဟုတ်ကြောင်း ကာရေဂါနဲ့ နဗီးလ်တို့က ဆက်ပြီးသုံးသပ်ခဲ့ပါတယ်။