မန်စီးတီးနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် မက်ဆီ ပါဝင်ကစားနိုင်မည်

ဒီကနေ့ညမှာယှဉ်ပြိုင်ကစားမယ့် မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီနဲ့ ကွင်းလယ်လူ ဗာရက်တီတို့ ပြန်ကစားနိုင်မယ်လို့သိရပါတယ်။
မက်ဆီဟာ ဒူးဒဏ်ရာကြောင့် မက်ဇ်နဲ့ မွန့် ပလီယာ လီဂူဝမ်းပွဲစဉ် ၂ ပွဲကို လွဲချော်ခဲ့ပြီး ကွင်းလယ်လူ ဗာရက်တီဟာလည်း ဒူးဒဏ်ရာကြောင့် တစ်လခန့် အနားယူခဲ့ရတာပါ။
လက်ရှိအချိန်မှာတော့ အဲဒီကစားသမား ၂ ဦးစလုံးလေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်လို့ မန်စီးတီးနဲ့ ပွဲမှာပါဝင်ကစားနိုင်မယ်လို့ ပြင်သစ်သတင်းစာ L’Equipe က ဖော်ပြပါတယ်။
မက်ဆီအတွက်တော့ ဘာစီလိုနာမှာ အတူလက်တွဲခဲ့ဖူးတဲ့ နည်းပြ ပတ်ဂွာဒီယိုလာနဲ့ ပြန်လည်ဆုံတွေ့ရမှာဖြစ်ပါတယ်။
နည်းပြပိုချက်တီနိုကတော့ မက်ဆီ ပါမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပေမဲ့ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောထားပါတယ်။
မက်ဆီဟာ ပီအက်စ်ဂျီနဲ့ ၃ပွဲကစားထားရမှာ ဂိုးသွင်းယူနိုင်ခြင်းမရှိသေးသလို ဂိုးဖန်တီးမှုလည်းမရှိသေးတာကြောင့် နည်းပြဆရာဟောင်း ဂွါဒီယိုလာနဲ့ ပြန်လည်ဆုံတွေ့ရာမှာ ဂိုးသွင်းယူနိုင်မလားဆိုတာလည်း စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။