သီပေါမြို့နယ်ရှိ ကျေးရွာအိမ်ခြေ ၃၀၀ ကျော်ကို အခြေခံစားသောက်ကုန်များ လှူဒါန်း











2
စက်တင်ဘာ ၃၀ ရက်နေ့နဲ့ အောက်တိုဘာ ၁ ရက်နေ့တွေက ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ရှိ ကျေးရွာတွေမှာ ဆန်၊ ဆီ၊ ဆား၊ စားသောက်ကုန် ၆ မျိုးကို နှလုံးသား ပရဟိတအဖွဲ့က တအိမ်တက် တအိမ်ဆင်း သွားရောက်လှူဒါန်းခဲ့ပါတယ်။
သီပေါမြို့နယ်က ဖာဖိတ်ကျေးရွာ ကုန်းသာကျေးရွာ လီဆူကျေးရွာ၊ မန်ဟဲကျေးရွာ၊ ဘော်ကြိုကျေးရွာတွေမှာ ရှိတဲ့ အခြေခံလူတန်းစားအိမ်ခြေ ၃၀၀ ကျော် ကိုဗစ်ကာလ အစားအသောက် အဆင်ပြေစေဖို့အတွက် ရည်ရွယ်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။