close

မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်း ဖြိုခွင်းခံရ၊ သံဃာ ၆ ပါးကို ဖမ်းဆီး

ပုံစာ- အောက်တိုဘာ ၁ ရက်နေ့က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့တဲ့ မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက်ထဲမှာ အောက်တိုဘာလ ၂ ရက် နေ့ခင်း ၁ နာရီကျော်အချိန်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြတဲ့ မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဖြိုခွင်းခံခဲ့ရပါတယ်။

မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်းကို စစ်ကောင်စီက အိမ်စီးကားနဲ့တိုက်၊ သေနတ်နဲ့ ပစ် ခတ် ဖြိုခွင်းခဲ့တာဖြစ်ပြီး သံဃာတော် ၆ ပါး ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် နေ့စဉ်ချီတက်နေတဲ့ မန္တလေးမြို့က စစ်ကြောင်းတစ်ခုဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up