ဘရာဇီးတွင် သဲမုန်တိုင်း တိုတ်ခတ်

ဘရာဇီးနိုင်ငံ၊ ဆောပေါ်လိုပြည်နယ်က ကာတန်ဒူဗာမြို့မှာ အောက်တိုဘာ ၃ ရက်က မိနစ် ၂၀ ကြာအောင် သဲမုန်တိုင်းတိုက်ခတ်ခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။
မြို့တော်တော်များများမှာ ဒီသီတင်းပတ်အတွင်း သဲမုန်တိုင်းတွေ တိုက်ခတ်ခဲ့လို့ မြို့တွေရဲ့ ကောင်းကင်တွေမှာ လိမ္မော်ရောင်ကနေ အညိုရောင်ထိ အရောင်ပြောင်းသွားပါတယ်။
ဒေသခံ သတင်းထောက်တယောက်က “အသေအပျောက် စာရင်း အစီရင်ခံတာတော့ မရှိပါဘူး။ လေပိုပြင်းလာပြီး သစ်ပင်တွေနဲ့ ဂြိုဟ်တု ရုပ်သံဖမ်းစက်တွေ လဲကျကုန်တယ်။ အိမ်အမိုး ကျောက်ပြားတွေ ကွဲကုန်တယ်” လို့ ပြောပါတယ်။
မိုးလေဝသပညာရှင် ဆယ်လ်ဆို အိုလီဗေးရာက “မိုးရာသီ ရောက်အပြီး လေပြင်းတွေကျတာ ပုံမှန်ဖြစ်ပေမဲ့ မိုးခေါင်လို့ သဲမုန်တိုင်းတွေ ဖြစ်ကုန်တာ။ မိုးခေါင်တာ အခြေအနေ ပိုဆိုးလာနေလို့ မြေဆီလွှာက အကာအကွယ်မဲ့ပြီး လေပြင်းချိန် အားလုံး ဖုန်ထကုန်တာ”လို့ ပြောပါတယ်။