close

NUG အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးစဉ်းစားရန် အဆင်သင့်ဖြစ်နေပြီဟု မလေးရှားဝန်ကြီးပြော

KUALA LUMPUR, 6 Okt -- Menteri Luar merangkap Ahli Parlimen Indera Mahkota Datuk Saifuddin Abdullah menjawab soalan ketika Mesyuarat Khas Penggal Ketiga Parlimen Ke-14 di Parlimen hari ini. --fotoBERNAMA (2021) HAK CIPTA TERPELIHARA

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကိုဖြေရှင်းဖို့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ လက်ရှိအာဏာရယူထားတဲ့ စစ်အာဏာရှင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု မရပါက မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တွေ့ဆုံဆွေးနွေးရေး စဉ်းစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

နေပြည်တော်ကစစ်ကောင်စီဟာ အခုထိ အာဆီယံဘုံသဘောတူညီမှုရဲ့ စည်းကမ်းချက်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိသေးဘူးလို့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ အစည်းအဝေးကို ပြီးခဲ့တဲ့တနင်္လာနေ့က အသိပေး အကြောင်းကြားထားတယ်လို့ နိုင်ငံခြားရေး၀န်ကြီး ဒါတွတ်ခ် ဆိုင်ဖွတ်ဒင် အဗ္ဗဒလာက ပြောကြားပါတယ်။ 

အရင်တုန်းက မလေးရှားဟာ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင် မဖြစ်ခင်ကတည်းက အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုကိုပံ့ပိုးပေးတဲ့ ပထမဆုံးနိုင်ငံဖြစ်ခဲ့တယ်လို့ မလေးရှားအောက်လွှတ်မှာ ဒီနေ့ အမေးနဲ့အဖြေ အစည်းအဝေးမှာ သူကပြောပါတယ်။ 

မလေးနိုင်ငံခြားရေးဝန်ကြီးဟာ PKR ပါတီမှ လွှတ်တော်အမတ် ဝုန်ချမ်း မေးမြန်းတဲ့ အာဆီယံအဖွဲ့ကြီးရှိနေတာတောင် မလေးရှားဟာ မြန်မာ NUG အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိနေသလား ဆိုတဲ့မေးခွန်းကို တုံ့ပြန်ဖြေဆိုသွားတာ ဖြစ်ပါတယ်။ 

အာဆီယံသဘောတူညီမှုကို အကောင်အထည်ဖော်ဖို့ တိုးတက်မှုမရှိပါက မလေးရှားဟာ အောက်တိုဘာ ၂၆ မှ ၂၈ ရက်အထိ ကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက်ဖို့ စစ်တပ်ခေါင်းဆောင်ကို ဖိတ်ကြားဖို့ခက်ခဲလိမ့်မယ်လို့ မလေးနိုင်ငံခြားရေး၀န်ကြီး  ဆိုင်ဖွတ်ဒင်က ပြောပါတယ်။ 

NUG အစိုးရဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီမိုကရေစီနည်းအရ ပြည်သူတွေရဲ့ ဆန္ဒမဲနဲ့  လုပ်ပိုင်ခွင့် အာဏာ အပြည့်အဝအပ်နှင်းခံရတဲ့ တရားဝင်အစိုးရ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်စစ်အာဏာသိမ််းပြီးကတည်းက  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့  သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၁၁၀၀ ကျော် သေဆုံးခဲ့ရတာပါ။ 

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ခန့်အပ်ခံရတဲ့ ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး ဧရာဝဏ်ယူဆွတ်ဟာလည်း စစ်တပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိတာကြောင့် သူ့ရဲ့ တာဝန်တွေကို ခုချိန်အထိ စတင်တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဆိုင်းဖို့ အပါအဝင် အချက် ၅ ချက်ကို အာဆီယံ ခေါင်းဆောင်တွေ အားလုံး ဘုံသဘောတူ ဆုံးဖြတ်ချက်ကို  ဧပြီ ၂၄ ရက် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတဂျာာမြို့မှာ ကျင်းပတဲ့ အာဆီယံခေါင်းဆောင်များအစည်းအဝေးမှာ ချမှတ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဂျာကာတာအစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့် ပြုခဲ့တာနဲ့ အာဆီယံ ဘုံသဘောတူညီချက်ထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေး မပါဝင်တဲ့အတွက် အာဆီယံဟာ အများရဲ့ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ 

ဓာတ်ပုံ- Malaymail

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up