close

ဖိလစ်ပိုင် အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်၏သား သမ္မတနေရာ ဝင်ပြိုင်မည်

ဖိလစ်ပိုင် အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်ရဲ့ သားက လာမယ့်နှစ် ရွေးကောက်ပွဲအတွက် သမ္မတနေရာ ဝင်ပြိုင်မယ်လို့ အောက်တိုဘာ ၅ ရက်က ကြေညာလိုက်တာကြောင့် သူ့နိုင်ငံရေး ရည်မှန်းချက်အပေါ် ထင်ကြေးပေးနေတာတွေ အဆုံးသတ်သွားပါတယ်။

ဘုံဘုံလို့ လူသိများတဲ့ ဖာဒီနန် မားကို့စ် ဂျူနီယာဟာ သမ္မတနေရာရော ဒုသမ္မတနေရာအတွက်ပါ ဖြစ်နိုင်ခြေရှိတဲ့ ကိုယ်စားလှယ်အဖြစ် စောင့်ကြည့်ခံခဲ့ရသူပါ။

သူဟာ သူ့ဖခင် ၁၉၈၆ ခုနှစ်မှာ ဖြုတ်ချခံရအပြီး ပြည်ပမှာ နေထိုင်ခဲ့ရာက ၁၉၉၁ မှာ ဖိလစ်ပိုင်ကို ပြန်လာခဲ့ပြီး နိုင်ငံရေးမှာ ပါဝင်ခဲ့ပါတယ်။

အဲဒီနောက် ပြည်နယ် အုပ်ချုပ်ရေးမှူး၊ အောက်လွှတ်တော်အမတ်၊ အထက်လွှတ်တော်အမတ် နေရာတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၆ မှာ ဒုသမ္မတနေရာ ဝင်အရွေးခံပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။

သူ့ညီမ အီမီးဟာ အထက်လွှတ်တော်အမတ် ဖြစ်သလို သူ့မိခင် အီမယ်လ်ဒါဟာလည်း အောက်လွှတ်တော် အမတ်ဟောင်း ဖြစ်ခဲ့ပါတယ်။

ဖခင်မားကို့စ်ရဲ့ အာဏာရှင်အုပ်ချုပ်ရေး ၁၉၇၀ ပြည့်လွန်ခေတ်က ဒဏ်ရာတွေကို ကုစားနေရဆဲ ဖိလစ်ပိုင်မှာ သားမားကို့စ်က သမ္မတနေရာ ဝင်ပြိုင်တာဟာ တိုင်းပြည်အတွက် ကြီးမားတဲ့ ခြေလှမ်းတရပ်လို့ မီဒီယာတွေက ရေးပါတယ်။

ဖိလစ်ပိုင်မှာ အကျော်ကြားဆုံးမိသားစုတွေထဲက တခုဖြစ်တဲ့ မားကို့စ် မိသားစုဟာ အာဏာရချိန်က နိုင်ငံ့ဘဏ္ဍာ အမေရိကန်ဒေါ်လာ ဘီလီယံချီ အလွဲသုံးစား လုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်ကို ငြင်းထားပြီး သူတို့ပုံရိပ်ကို ပြန်တည်ဆောက်ဖို့ ကြိုးစားနေတာ ကြာနေပါပြီ။

အာဏာရှင် ဖီဒယ်မားကို့စ်ဟာ ပြည်သူ့အာဏာ တော်လှန်ရေးနဲ့ ဖြုတ်ချခံခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up