close

Brave Bar တွင် ဖမ်းဆီးခံရသူများအနက် လူကြီးသားသမီးများပါနေသဖြင့် ခံဝန်ဖြင့်ပြန်လွှတ်ပေး

ရန်ကုန်မြို့ Brave Bar မှာ မနေ့ညကဖမ်းဆီးခံရတဲ့ လူငယ်တွေထဲ လူကြီးသားသမီးတွေ ပါဝင်နေတာကြောင့် အားလုံးကို ခံဝန်နဲ့ အောက်တိုဘာ ၈ ရက် ဒီကနေ့မနက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်ရာအသိုင်းအဝိုင်းက ပြောပါတယ်။

“တစ်ယောက်ကို ပိုက်ဆံဘယ်လောက်ပေးရလဲတော့မသိဘူး။ အဖမ်းခံရတဲ့အထဲမှာ လူကြီးသားသမီးပါတယ်ဆိုတော့ ခံဝန်နဲ့ ဒီကနေ့မနက်မှာပြန်လွှတ်ပေးလိုက်တယ်။ အနုပညာရှင်တချို့လည်းပါတယ်ကြားတယ်။ မျက်နှာကြီးတယ်လေ” လို့ စစ်တပ်နဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။ 

မရမ်းကုန်းမြို့နယ်၊  ကန်ရိပ်သာလမ်းမှာရှိတဲ့ Brave Bar ကို အောက်တိုဘာ ၇ ရက် မနေ့ည ၁၁ နာရီ ၄၅ မိနစ်လောက်က  စစ်ကောင်စီတပ်သားတွေဝင်ရောက်စစ်ဆေးပြီး အမျိုးသားနဲ့ အမျိုးသမီး ၂၅၀ လောက်ကို မရမ်းကုန်းရဲစခန်းမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up