close

ပေါင်မြို့နယ်က လျှပ်စစ်မီတာခ မပေးတဲ့ နေအိမ်တွေကို စစ်ကောင်စီ မီးစဖြတ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်က လျှပ်စစ်မီတာခမပေးတဲ့ နေအိမ်တွေကို စစ်ကောင်စီ လျှပ်စစ်ဌာနက မီးဖြတ်တာတွေ စတင်လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

စစ်ကောင်စီလျှပ်စစ်ဌာနက မီတာခတွေကို စက်တင်ဘာလကုန်အပြီး ပေးသွင်းကြဖို့ ဖိအားပေးပြီးနောက် မီတာခမပေးတဲ့ နေအိမ်တွေကို အောက်တိုဘာ ပထမအပတ်ကစပြီး မီးဖြတ်လာတာ ဖြစ်ပါတယ်။

မီတာခမပေးတဲ့ နေအိမ်ကို စစ်ကောင်စီရဲ့ လျှပ်စစ်မီတာရုံး ဝန်ထမ်းတွေက မီးဖြတ်တာတွေ လိုက်လံ လုပ်ဆောင်နေပြီး၊ တချို့ကျေးရွာတွေမှာတော့ မီးလင်းရေးကော်မတီကို မီးဖြတ်ခိုင်းထားတယ်လို့ ဒေသသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ဇန်နဝါရီလမှစပြီး မီတာခမသွင်းတဲ့ နေအိမ်တွေနဲ့ မီတာခအကြွေး ၁ သိန်းနဲ့အထက် ကျန်ရှိနေတဲ့ နေအိမ်တွေကို မီးဖြတ်ခိုင်းထားတယ်လို့ Non CDM လျှပ်စစ်မီတာဝန်ထမ်းတစ်ဦးက DVB ကို ပြောပါတယ်။

ဒါ့အပြင် မီးဖြတ်ပြီးနောက် တစ်ပတ်အတွင်း မီတာခမပေးသွင်းတဲ့ နေအိမ်တွေက မီတာပုံးတွေကိုလည်း ပြန်လည်သိမ်းယူဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ နိုင်ငံမတည်မငြိမ် ဖြစ်နေတဲ့အချိန်မှာ အိမ်သုံးမီတာတွေကို အခမဲ့ကင်းလွတ်ခွင့်ပေးထားတယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လက ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up