close

မင်းကင်းမြို့နယ်တွင် စစ်​ကောင်စီတပ်နှင့် ​ဒေသခံ PDF တို့ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း က​လေးခရိုင် မင်းကင်းမြို့နယ် ​ချင်းတွင်းမြစ်ရိုး​အောက်ပိုင်း​ဒေသမှာ ဒေသခံ PDF အဖွဲ့နဲ့ စစ်​ကောင်စီတပ်ဖွဲ့တို့ ​အောက်တိုဘာ ၁၀ ရက်​နေ့က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

​အောက်တိုဘာ ၁၀ ရက် ​မနက် ၁၁ နာရီ​လောက်က မင်းကင်းမြို့နယ် ​ကျောက်ခဲတက်​ကျေးရွာအနီးမှာရှိတဲ့ စစ်​ကောင်စီတပ်ဖွဲ့ကို ​ဒေသခံ PDF အဖွဲ့က သွား​ရောက်တိုက်ခိုက်ရာက​နေ ၃ နာရီလောက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်​ကောင်စီဘက်က လက်နက်ကြီး​တွေနဲ့ အသုံးပြုပစ်ခတ်ခဲ့တယ်လို့ ဒေသခံ PDF ​ခေါင်း​ဆောင်တဦးက ​ပြောပါတယ်။ 

စစ်​ကောင်စီဘက်က စနိုက်ပါ ၁ ဦးအပါအဝင် ကျဆုံးမှု​တွေရှိ​ခဲ့ပြီး ကျဆုံးအ​ရေအတွက်အတိအကျ​ မသိ​ရသေးသလို ဒေသခံ PDF အဖွဲ့ဘက်က​တော့ ကျဆုံးမှု မရှိခဲ့ဘူးလို့ ​ဆိုပါတယ်။ 

ဒေသခံ PDF အဖွဲ့​​မှာ လက်လုပ်​သေနတ်(တူမီး)သာ ရှိ​တာ​ကြောင့် ​လက်နက်အကူအညီ လိုအပ်​နေတယ်လို့ PDF ​ခေါင်း​ဆောင်က ​ပြောပါတယ်။

မင်းကင်းမြို့နယ်မှာ စစ်​ကောင်စီတပ်​တွေနဲ့ ပျူ​စောထီးအဖွဲ့​တွေ​ရဲ့ ​မွှေ​နှောက်၊  ဖျက်ဆီး၊ ဖမ်းဆီးတာ​တွေ​ကြောင့် ​ကျေးရွာ​ပေါင်း ၃၀ ​ကျော်​လောက်က ပြည်သူ​တွေဟာ ​အိုးအိမ်စွန့်စွာထွက်​ပြေးတိမ်း​ရှောင်​နေကြရ​ပြီး အကူညီလိုအပ်​နေ​တယ်လို့ သိရပါတယ်။

မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ရိုး​အောက်​ပိုင်းဒေသ တောင်ဖြူရွာ၊ ပန်းဆက်ရွာ၊ ကျောက်ခဲတက်​ရွာ နဲ့ လောင်းပြည့်​ကျေးရွာ တို့မှာ စစ်​ကောင်စီတပ်​ဖွဲ့အင်အား ၅၀၀ ဝန်းကျင် တပ်စွဲထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up