အီရန်တွင် စင်မြင့်ပေါ်မိန့်ခွန်းပြောနေသည့် အုပ်ချုပ်ရေးမှူး ပါးရိုက်ခံရ

အီရန်နိုင်ငံအရှေ့ပိုင်း အဇာဘိုင်ဂျန်ပြည်နယ်က အသစ်ခန့်အပ်ခံ အုပ်ချုပ်ရေးမှူး အဘေဒင် ခိုရမ်ကို အောက်တိုဘာ ၂၃ ရက်မှာ ကျင်းပတဲ့ ရာထူးခန့် အခမ်းအနားမှာ မိန့်ခွန်းပြောနေစဉ် အမျိုးသား တယောက်က စင်ပေါ်တက်လာပြီး ပါးရိုက်ခဲ့ပါတယ်။
ပါးရိုက်ခံရတဲ့ ခိုရမ်ဟာ အီရန်ရဲ့အစ္စလာမစ် တော်လှန်ရေးအစောင့်တပ်က အရာရှိတစ်ဦးဖြစ်ပြီး ပါးရိုက်သူကတော့ သူ့တပ်က တပ်ဖွဲ့ဝင် အာယွတ်ဘ် အလီဇာဒါ ဖြစ်တယ်လို့ အီရန် မီဒီယာတွေက ဖော်ပြပါတယ်။
ဒီလုပ်ရပ်ရဲ့ နောက်ကွယ်က အကြောင်းရင်းကိုတော့ သတင်းအချက်အလက် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒါပေမဲ့ တိုက်ခိုက်သူဟာ ယောက်ျားဆရာဝန်က သူ့မိန်းမကို ဆေးကုပေးခဲ့တဲ့အတွက် ဒေါသထွက်နေခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ပြောထားပါတယ်။