သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် လေပြင်းတိုက်

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ အောက်တိုဘာ ၂၉ ရက်က လေပြင်းတိုက်ခတ်လို့ သစ်ပင်တွေလဲပြီး အဆောက်အအုံတချို့ ပျက်စီးသွားပါတယ်။
လမ်းမတွေပေါ်က အမှိုက်ပုံးတွေ ကစင့်ကလျား၊ ပစ္စည်းတွေ တစစီဖြစ်နေတာတွေ၊ သစ်ပင်တွေ အမြစ်ကနေ ကျွတ်ထွက်ကုန်တာတွေကို လေငြိမ်သွားတဲ့အခါ တာဝန်ရှိသူတွေက ရှင်းလင်းခဲ့ရ ပါတယ်။
လေပြင်းဟာ ဗစ်တိုးရီယားပြည်နယ်နဲ့ ကပ်လျက် တောင်ပိုင်း သြစတြေးလျကိုလည်း တိုက်ခတ်ခဲ့ပြီး လေပြင်းကြောင့် မယ်လ်ဘုန်းမြို့နဲ့ အနီးတဝိုက်က ရထား ခရီးစဉ်တချို့ ရပ်နားခဲ့ရကာ ခရီးသွားတွေ ဟာ ဘူတာတွေမှာ သောင်တင်ခဲ့ကြရပါတယ်။
မယ်လ်ဘုန်းမြို့ပေါ်မှာ အိမ်တလုံး အမိုးပြိုကျခဲ့ပါတယ်။ လေပြင်း တိုက်နေတဲ့အချိန်မှာ အရေးပေါ် အခြေအနေ အကူအညီပေးဖို့ တယ်လီဖုန်း ခေါ်ဆိုမှုတွေ ရာနဲ့ချီ လက်ခံရရှိခဲ့တယ်လို့ ပြည်နယ် အရေးပေါ်ဌာနက ပြောပါတယ်။