close

ဆားလင်းကြီးမြို့နယ် သမဦးစီးမှူးနေအိမ် ဗုံးကွဲ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် သမဦးစီးမှူး ဒေါ်တင်မာအေး(ခ) ဒေါ်တိုးတိုးရဲ့ နေအိမ်ကို အောက်တိုဘာ ၃၁ ရက် ညနေ ၄ နာရီက ဗုံးဖောက်ခွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါဗုံးဖောက်ခွဲမှုကြောင့်  နေအိမ်ခြံစည်းရိုး အုတ်နံရံအက်ကွဲတာလောက်ပဲ ရှိပြီး ဒဏ်ရာရသူမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဆာလင်းကြီး ပြည်သူ့ကာကွယ်ရေးတပ်က ဒီဖောက်ခွဲမှုဟာသူတို့လက်ချက်ဖြစ်တယ်လို့ အတည်ပြုပြောပါတယ်။ 

“အဲဒီ မိန်းမကြီးက သမဝါယမချေးငွေတွေကို ပြည်သူတွေဆီကနေ အတင်းအဓမ္မ ခြိမ်းခြောက်ငွေကောက်ခံတာတွေ လုပ်တယ်။ နောက်ပြီး ဝန်ထမ်းတွေကို စစ်ကောင်စီအလိုကျ အတင်းအဓမ္မရုံးတက်ခိုင်းတာတွေ၊ နေ့စဉ်နေ့တိုင်း စိတ်ဆင်းရဲအောင် လုပ်နေတာကြောင့် ကျနော်တို့ ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ SPDF က အခုလိုဗုံး‌ဖောက်ပြီး ပထမ အကြိမ်သတိပေးတာ” လို့ ဆာလင်းကြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ဆားလင်းကြီးမြို့ပေါ်မှာ အောက်တိုဘာလအတွင်း အခုလိုဗုံးပေါက်ကွဲတာ နှစ်ကြိမ်ရှိခဲ့ပြီး ပထမအကြိမ် လဝကရုံးဗုံးပေါက်ကွဲမှုမှာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up