close

ကလေးများအတွက် ကိုဗစ်ကာကွယ်ဆေး လုံလောက်စွာ ထိုးပေးမည်ဟု အမေရိကန်သမ္မတပြော

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကလေးတွေအတွက် လာမယ့် သီတင်းပတ်ကစပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး လုံလောက်အောင် ထိုးပေးမှာဖြစ်ပြီး နိုင်ငံတဝန်း နေရာ ၂ သောင်းမှာ ကာကွယ်ဆေး ထိုးဆေးတွေ ရတော့မယ်လို့ နိုဝင်ဘာ ၃ ရက်မှာ ပြောခဲ့ပါတယ်။

“ဒါဟာ နိုင်ငံတဝန်းက မိဘတွေအတွက် စိတ်သက်သာရာရပြီး ပျော်ရမယ့်နေ့ပဲ၊ ကိုယ့်ကလေးတွေ နှာစေး ချောင်းဆိုးတဲ့အချိန်တိုင်း ၁၈ လ နီးပါး စိတ်သောကရောက်ခဲ့အပြီး ခုတော့ သူတို့ကို ဆိုးရွားတဲ့ ဗိုင်းရပ်စ်ကနေ ကာကွယ်နိုင်ပြီ” လို့ ဘိုင်ဒန်က သတင်းထောက်တွေကို နိုဝင်ဘာ ၃ ရက်နေ့မှာ ပြောပါတယ်။

အမေရိကန်အစိုးရက အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးတွေကို ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေး စတင်ထိုးပေးနေပြီး ဒါဟာ နေမကောင်းမဖြစ်အောင် ကာကွယ်ပေးဖို့ ထိုးဆေးထိုးနှံရေးအတွက် ဘောင်ဝင်တဲ့ နောက်ဆုံးအုပ်စုလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up