ကိုဗစ်ကာကွယ်ဆေး အပြန်အလှန်အသိအမှတ်ပြုရန် G20 အစည်းအဝေး၌ ရုရှား ဆော်ဩ

4
ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးတွေကို အပြန်အလှန် အသိအမှတ်ပြုမှု အရှိန်မြှင့်ဖို့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က ကမ္ဘာ့အင်အားကြီး နိုင်ငံ ၂၀ အဖွဲ့ G20 ကို အောက်တိုဘာ ၃၀ မှာ ဆော်ဩလိုက်ပါတယ်။
အီတလီနိုင်ငံ ရုမ်းမြို့တော်မှာ ဗွီဒီယိုကွန်ရက်နဲ့ ကျင်းပနေတဲ့ G20 အစည်းအဝေးကို ပူတင်က တက်ရောက်ခဲ့တာပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဟာ ကာကွယ်ဆေးတွေကို အတည်ပြုဖို့ ဆုံးဖြတ်ချက်ကို ပိုမြန်မြန် ချမှတ်သင့်ပြီလို့လည်း ပူတင်က ပြောခဲ့ပါတယ်။