ကိုလံဘီယာတွင် မြေပြိုသဖြင့် ၁၄ ဦးထက်မနည်း သေဆုံး

ကိုလံဘီယာနိုင်ငံ မယ်လာမာမြို့မှာ နိုဝင်ဘာ ၃ ရက်က မြေပြိုအပြီး ဒီနေ့အထိ လူ ၁၄ ယောက်ထက် မနည်း သေဆုံးခဲ့ပါတယ်။
ပျောက်ဆုံးနေသူ ၆ ယောက်ထက်မနည်းကို ကယ်ဆယ်ရေးသမားတွေ ရှာတွေ့ဖို့ မိသားစုတွေက မျှော်လင့်နေကြပါတယ်။
မြေပြိုချိန်မှာ လူ ၉ ယောက် ဒဏ်ရာရခဲ့ပြီး ၇ ယောက်က ဆေးရုံက ဆင်းသွားပြီးပြီလို့ အမျိုးသား ကပ်ဘေး စီမံခန့်ခွဲရေးတပ်ဖွဲ့က ဆိုပါတယ်။
စစ်သားတွေ၊ မီးသတ်သမားတွေ၊ အမျိုးသား ရဲတပ်ဖွဲ့နဲ့ အရပ်ဘက် ကာကွယ်ရေး တပ်ဖွဲ့ဝင် စုစုပေါင်း ၂၂၃ ယောက်ဟာ ရီကာတေးနဲ့ တူကေးရက်စ်မြို့တွေမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွကနေကြပါတယ်။
မယ်လာမာမြို့ဟာ နာရီနိုစီရင်စုထဲမှာ ရှိပြီး အီကွေဒေါနိုင်ငံ နယ်စပ်ကနေ ၂၂ မိုင် ဝေးတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။