close

ထိုင်းလူဦးရေသန်း ၈၀ ကိုဗစ်ဆေးထိုးပြီး‌၊ ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အမြင့်ဆုံးအဆင့် ၁၈ တွင် ရှိနေ

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူသန်း ၈၀ ကျော်လာခဲ့ပြီဖြစ်ကာ ကမ္ဘာ့ နိုင်ငံတွေထဲ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အမြင့်ဆုံးအဆင့် ၁၈ နေရာမှာ ရှိနေတဲ့အပေါ်  ဝန်ကြီးချုပ် ပရာယွတ်ချန်းအိုချာက ကျေနပ်မိကြောင်း ပြောပါတယ်။

လက်ရှိထိုးနှံပြီးစီးမှုအခြေအနေမှာတော့ ထိုင်းနိုင်ငံဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၄ နိုင်ငံထဲ အဆင့် ၁၈ မှာ ရှိနေတာလို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ သနာခွန် ဝမ်ဘွန်ခွန်ချနာက ပြောလိုက်ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ Paxlovid နဲ့ Molnupiravir တို့လို ကိုဗစ် သောက်ဆေးတွေလည်း ဝယ်ယူနိုင်ဖို့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒီဝယ်ယူမှုကနေ ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်ရောက်ကုသရမှုတွေနဲ့ ရောဂါပြင်းထန် လူနာတွေ သေဆုံးမှုတွေကို မြန်နိုင်သမျှ အမြန်လျှော့ချပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လတ်တလော ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်မှု အခြေအနေ တိုး တက်လာနေပြီး အာဆီယံနိုင်ငံတွေထဲမှာတော့ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအဆင့် ၃ နေ ရာမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့နိုင်ငံတွေထဲမှာတော့ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အမြင့်ဆုံးနိုင်ငံတွေအဖြစ် တရုတ်၊ အိန္ဒိယ၊ အမေရိကန်၊ ဘရာဇီးနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက အစဉ်လိုက်ရှိနေတာ ဖြစ်ပါတယ်။

ထိုင်းကျန်းမာရေးဝန်ကြီးဌာန အချက်အလက်တွေအရ နိုင်ငံတဝန်း ကာကွယ်ဆေးထိုးနှံပြီးစီးသူ ၈၀ ဒသမ ၄၈ သန်းကျော် ရှိနေပြီး ဒါဟာ နိုင်ငံ့လူဦးရေရဲ့ ၆၅ ဒသမ ၄ ရာခိုင်နှုန်းကို ကိုယ်စားပြုနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာ တရက်ကို လူဦးရေ ၆ သိန်းကနေ ၈ သိန်းကြား ကာကွယ်ဆေး ထိုးနှံမှုတွေ လုပ်ဆောင်နေတာမို့ တလအတွင်းမှာ လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းကျော်ဟာ ကာကွယ်ဆေးအနည်းဆုံးတကြိမ် ထိုးနှံပြီးစီးလိမ့်မယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up