close

ထောင်တွင်းအစာငတ်ခံ ဆန္ဒပြနေသည့် ဂျော်ဂျီယာသမ္မတဟောင်း ထောင်ဆေးရုံသို့ တင်ပို့ရ

ဂျော်ဂျီယာ သမ္မတဟောင်း မီခေးလ် ဆာကာရှဗီလီကို မြို့တော်တီဘလစ်စီက ထောင်ဆေးရုံကို နိုဝင်ဘာ ၈ ရက်က တင်ပို့လိုက်ရတယ်လို့ အကျဉ်းဦးစီးဌာနက ပြောပါတယ်။

ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြနေတယ်လို့ ကြေညာအပြီး သီတင်းပတ် ငါးပတ်အကြာမှာ ခုလို ဆေးရုံတင်လိုက်ရတာပါ။

အသက် ၅၃ နှစ်အရွယ် သမ္မတဟောင်းဟာ အရပ်ဘက်ဆေးခန်းမှာ ဆေးကုခွင့်ရဖို့ တောင်းဆိုခဲ့ပေမဲ့ မြို့တော် တီဘလစ်စီရဲ့ ဂယ်ဒါနီခရိုင်က ထောင်ဆေးရုံဆီ တင်ပို့ခံခဲ့ရပါတယ်။

သူ့ရဲ့ အိမ်ထောင်ဖက်ကတော့ ဘေးကင်းရေး စိုးရိမ်တယ်လို့ ပြောပါတယ်။  သမ္မတဟောင်းကို ထောက်ခံသူတွေ ထောင်ပေါင်းများစွာက မြို့တော်တဝန်း မနေ့ညက ချီတက်ခဲ့ကြပါတယ်။

သမ္မတဟောင်းဟာ ဒေသန္တရရွေးကောက်ပွဲမတိုင်ခင် ညက အတိုက်အခံတွေရဲ့ ချီတက်ပွဲကို ပါဝင်ဖို့ ဂျော်ဂျီယာနိုင်ငံဆီကို ပြည်ပကနေ အောက်တိုဘာလ ၁ ရက်က ပြန်လာချိန်မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပြီး သူကတော့ တိုင်းပြည်ကို ကယ်တင်မယ့် လုပ်ငန်းအတွက် ပြန်လာတာလို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up