close

အင်းစိန်ထောင်တွင်း နှိပ်စက်ခံခဲ့ရသည့် ကျောင်းသား ၂ ဦး ထောင်ဆေးရုံမှ သီးသန့်ဆောင် ပြန်ရောက်

ပြီးခဲ့တဲ့ဇွန်လက အင်းစိန်ထောင်တွင်း ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူတွေလို့ စွပ်စွဲကာ မတရားတိုက်ပိတ် နှိပ်စက်ခံခဲ့ရတဲ့  ကျောင်းသား   ကိုဆစ်နိုင်နဲ့ ကိုလေပြေစိုးမိုးတို့ ထောင်ဆေးရုံကနေ ထောင်တွင်းသီးသန့်ဆောင်တွေကို ပြန်ရောက်နေပြီး မူလချုပ်‌နှောင်ထားရာ အဆောင်မှာ ပြောင်းရွေ့ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့ ရုံးချိန်းမှာတော့ ရန်ကုန် တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကိုလေပြေစိုးမိုးနဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဒုဥက္ကဋ္ဌ ကိုဆစ်နိုင် (ခ) ကိုဇော်ထက်နိုင်တို့ရဲ့ ကျန်းမာရေးကောင်းမွန်နေတယ်လို့ သိရပါတယ်။ 

ဇွန်လ ၂၃ ရက်နေ့ အင်းစိန်ထောင်တွင်းသပိတ်ဦးဆောင်သူဆိုပြီး ထောင်အာဏာပိုင်တွေက ကျောင်းသား ၂ ဦးကို စွပ်စွဲကာ မတရားနှိပ်စက်တာတွေ  ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ထောင်တွင်းဆန္ဒပြပွဲအပြီးမှာ ကိုဆစ်နိုင်နဲ့ ကိုလေပြေစိုးမိုးတို့ ထောင်ဆေးရုံတက်ရောက်ခဲ့ရပြီး ကိုလေပြေစိုးမိုးဟာ ထောင်တွင်း တိုက်ပိတ်ခံရတာကို  အချိန်ကြာမြင့်စွာခံစားရကြောင်းသိ ရပါတယ်။

ထောင်တွင်းသပိတ်နဲ့ပက်သတ်ပြီး သေဆုံးမှုစာရင်းကို မေးမြန်းရာမှာတော့ အတည်ပြု ပြောကြားခြင်း မရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up