သီရိလင်္ကာတွင် ရေဘေးကြောင့် လူ ၆ ဦး သေဆုံး၊ အိမ် ၆၀၀ ခန့် တစိတ်တပိုင်းပျက်စီး

သီရိလင်္ကာနိုင်ငံတလွှား ရေကြီးနေလို့ လူ ၆ ယောက် သေဆုံးပြီး အယောက် ၄၃၀၀ ရေဘေးသင့်ခဲ့တယ်လို့ ကပ်ဘေးစီမံခန့်ခွဲရေး အေဂျင်စီက နိုဝင်ဘာ ၈ ရက်မှာ ပြောပါတယ်။
အိမ် ၁၂ ဆောင် လုံးဝ ပျက်စီးပြီး နောက်ထပ် အိမ် ၆၀၀ လောက် တစိတ်တပိုင်း ပျက်စီးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်လာတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ သီရိလင်္ကာကျွန်းနိုင်ငံဆီကို နီးကပ်လာနေတယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။
လူ ၂ ယောက် မိုးကြိုးပစ်ခံ သေဆုံးခဲ့ပြီး ဒီသီတင်းပတ်နှောင်းပိုင်းမှာ မိုးပိုရွာနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
နိုင်ငံတွင်း ပြည်နယ် ၂၅ ခုထဲက ၆ ခုမှာ မြေပြိုမယ့်ဘေး သတိပေးချက်ကို အမျိုးသား အဆောက်အအုံသုတေသနအဖွဲ့ NBRO က ထုတ်ပြန်ထားပါတယ်။