ကနီမြို့နယ်တွင် စစ်တပ်က လေကြောင်းမှတိုက်ခိုက်၊ ရွာသား ၁၆ ဦးဒဏ်ရာ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ နိုဝင်ဘာ ၁၀ ရက် ဒီကနေ့ ညနေ ၃ နာရီကျော်လောက်က စစ်ကောင်စီတပ်တွေက စစ်ရဟတ်ယာဉ်နဲ့ ရှမ်းမြောင်းတန်ဆယ်ချောင်ဝန်းကျင်နေရာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ရွာသား ၁၆ ဦးလောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“စစ်လေယာဉ်တွေသုံးပြီးပစ်ခတ်နေတယ်။ တန်ဆယ်ချောင်ကျေးရွာက ပြည်သူ ၁၆ ဦးလောက် ဒဏ်ရှိခဲ့တယ်” လို့ ကနီဒေသခံတစ်ဦးက ပြောပါတယ်။
ကနီမြို့နယ်မှာ ဒီမနက်ပိုင်းမှာ စစ်ကောင်စီက စစ်ရဟတ်ယာဉ်တွေနဲ့ စစ်သည်အင်အား အများအပြားလာချသွားကာ တန့်ဆယ်ချောင်ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးကို ဖမ်းဆီးပြီး တပ်စွဲ ထားတယ်လို့လည်း သိရပါတယ်။
အခုညနေပိုင်းမှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း ဒေသခံတစ်ဦးကပြောပါတယ်။ အဆိုပါ တိုက်ပွဲနဲ့ ပတ်သက်ပြီး နှစ်ဖက်တပ်တွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကတော့ မသိရသေးပါဘူး။