ဓနုဒေသတွင် အန်အယ်လ်ဒီရွာလူကြီးဟောင်းနေအိမ်ကို စစ်တပ်က ဝင်ရောက်ဖျက်ဆီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာရှိ အန်အယ်လ်ဒီရွာသူကြီးဟောင်း ဦးဖိုးခိုင်ရဲ့ နေအိမ်ကို နိုဝင်ဘာ ၁၀ ရက် ညပိုင်းမှာ စစ်တပ်က ဝင်ရောက်ရှာဖွေ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒလန်လို့ အများကသတ်မှတ်ခံထားရတဲ့ နွားဘန်းကြီးကျေးရွာနေ စစ်မှုထမ်းဟောင်း ကိုနိုင်ဦး နိုဝင် ဘာလ ၉ ရက်က နေအိမ်မှာ ဓားနဲ့ ထိုးသတ်ခံရပြီး နောက်တနေ့မှာ အခုလို သူကြီးဟောင်းနေအိမ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လာရောက်ရှာဖွေဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဒလန်လမ်းပြတွေနဲ့အတူ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက် ရှာဖွေတာနဲ့ ရွာသားတချို့ကို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။