close

ဘာစီလိုနာနည်းပြသစ်ဇာဗီ စည်းကမ်းချက် ၁ဝ ချက် ထုတ်ပြန်

ဘာစီလိုနာနည်းပြသစ် ဇာဗီဟာ အသင်းသားတွေ လိုက်နာရမယ့် စည်းကမ်း ၁ဝ ချက်ထုတ်ထား တယ်လို့ စပိန်သတင်းစာ AS  က ဖော်ပြပါတယ်။ 

ဘာစီလိုနာအသင်းဟာ နည်းပြ ကိုးမန်းလက်ထက်မှာ ရလဒ်တွေဆိုးရွားခဲ့ပြီးနောက် အသင်းရဲ့စည်းကမ်းပိုင်းနဲ့ ပတ်သက်ပြီး နည်းပြသစ်ဇာဗီက ပိုပြီးကန့်သတ်လိုက်တာဖြစ်ပါတယ်။ 

ဇာဗီရဲ့စည်းကမ်း၁၀ ချက်ထဲမှာ ကစားသမားတွေအနေနဲ့ လေ့ကျင့်ရေးကွင်းကို ၁ နာရီစော ရောက်ရမှာဖြစ်ပြီး နည်းပြအဖွဲ့က ၂ နာရီ စောရောက်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ကစားသမားတွေအနေနဲ့ နေ့လယ်စာကို အသင်းမှာပဲ စားသောက်ရမှာဖြစ်ပြီး ဒဏ်ပေးတဲ့စနစ်ကိုလည်း ပြန်လည် သတ်မှတ်ခဲ့ပါတယ်။ 

ဒါ့အပြင် ပွဲမကစားခင် ၄၈ နာရီအလိုကစပြီး နေအိမ်ကို ညဉ့်မနက်ခင်ပြန်ရောက်ရမှာဖြစ်ကာ အသင်းနဲ့အတူ ကောင်းမွန်စွာလေ့ကျင့်ခန်းဆင်းရမယ်လို့ ပါရှိပါတယ်။ 

ဘောလုံးကိစ္စမဟုတ်တဲ့အရာတွေကို ထိန်းချုပ်ဖို့လိုပြီး အသင်းနည်းပြအဖွဲ့ဝင် တွေနဲ့လည်း တိုင်ပင်နိုင်တယ်လို့ ဇာဗီရဲ့ စည်းကမ်းချက်ထဲမှာပါဝင်ပါတယ်။ 

နောက်ဆုံး ၂ ချက်ထဲမှာတော့ ဒဏ်ရာရဖို့ အန္တရာယ်များတဲ့ လူပ်ရှားမှုတွေကို လုပ်ဆောင်ရမှာမဟုတ်ကြောင်း၊ အချိန်တိုင်းမှာ အပြုသဘော ဆောင်တဲ့ပုံစံကို ဖော်ပြရမယ်လို့ စည်းကမ်းသတ်မှတ်ထားကြောင်း AS သတင်းစာက ဖော်ပြခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up