ရွှေပြည်သာမြို့နယ်က ရာအိမ်မှူးတစ်ဦးကို စစ်တပ်က ပစ်သတ်

2
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က ရာအိမ်မှူးတယောက်လည်း ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အမှတ် ၄ ရပ်ကွက်က ရာအိမ်မှူး ဦးတင်မောင်သန်းပါ။ စစ်တပ်က ဆိုင်ကယ်ရပ်ခိုင်းတာကို မရပ်လို့ ၃ ချက်ပစ်တာ။ နေရာမှာပဲ သေသွားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒီနေ့လယ် ၂ နာရီခွဲက တော်ဝင်လမ်းထဲမှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး ဦးတင်မောင်သန်းဟာ ဆိုင်ကယ် ကယ်ရီမောင်းတယ်လို့လည်း သိရပါတယ်။
မနေ့ကလည်း ရွှေပြည်သာမြို့နယ် အမှတ် ၁၁ ရပ်ကွက်က ရာအိမ်မှူးတယောက် သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဆေးရုံတင်ထားရပါတယ်။