တောင်ပံကစားသမား ဒမ်ဘီလီကို စာချုပ်သက်တမ်းတိုးရန် ဘာစီလိုနာ စီစဉ်

ဘာစီလိုနာအသင်းဟာ အသင်းတောင်ပံကစားသမား ဒမ်ဘီလီကို စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိပြီး နယူးကာဆယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပြင်သစ် တောင်ပံကစားသမား ဒမ်ဘီလီဟာ အခုရာသီကုန် ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်နေရတဲ့ ဒမ်ဘီလီကို ပွဲကစားခွင့်အလိုက် လစာပေးချေမယ်ဆိုတဲ့ အချက်နဲ့ စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေတာပါ။
ဒမ်ဘီလီအနေနဲ့ ဘာစီလိုနာအသင်းမှာ ၄ ရာသီကျော်ကာလအတွင်း ပြိုင်ပွဲစုံ ၁၁၉ ပွဲသာ ကစားရသေးပြီး ဂိုး ၃၀ သွင်းယူထားပါတယ်။