အမေရိကန်အစိုးရ၏ ထိုင်ဝမ်အပေါ် မူဝါဒ မပြောင်းလဲဟု သမ္မတဘိုင်ဒင်ပြော

အမေရိကန်အစိုးရရဲ့ ထိုင်ဝမ်အပေါ် မူဝါဒက မပြောင်းလဲဘူး အမေရိကန်ဟာ ထိုင်ဝမ် လွတ်လပ်ရေးအတွက် အားပေးနေခဲ့တာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သတင်းထောက်တွေကို နိုဝင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။
ထိုင်ဝမ်သားတွေ သူတို့ ထိုင်ဝမ် အက်ဥပဒေက လိုအပ်ချက်အတိုင်း အတိအကျ လုပ်ဖို့ကိုပဲ အားပေးနေခဲ့တာလို့ ဘိုင်ဒန်က ပြောပါတယ်။
ဘိုင်ဒန်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အရင်ညက အစည်းအဝေးမှာ ကောင်းကောင်းမွန်မွန် ဆွေးနွေးခဲ့တယ်လို့ ဘိုင်ဒန်က သတင်းထောက်တွေကို နယူးဟမ့်ရှိုင်းယား လေယာဉ်ကွင်းမှာ ပြောပါတယ်။
နိုဝင်ဘာ ၁၅ ရက်က အစည်းအဝေးအတွင်း ထိုင်ဝမ်အရေး ဘယ်လို တိုးတက်မှုရခဲ့သလဲလို့ သတင်းထောက်တွေက မေးရာမှာ ဘိုင်ဒန်က “ကျနော်တို့ ထိုင်ဝမ် အက်ဥပဒေကို ထောက်ခံတယ်ဆိုတာ ရှင်းအောင် လုပ်ခဲ့တယ်”လို့ ပြောပါတယ်။
ဘိုင်ဒန်က ထိုင်ဝမ် ဆက်ဆံရေး အက်ဥပဒေကို ရည်ညွှန်းပြောဆိုခဲ့တာဖြစ်ပြီး ဒီဥပဒေအရ ထိုင်ဝမ်ဟာ သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့ အမေရိကန်က ပံ့ပိုးဖို့ လိုအပ်ပါတယ်၊ တရုတ်က ဆုံးဖြတ်ရမယ် ထိုင်ဝမ်လား အမေရိကန်လားပေါ့လို့လဲ ဘိုင်ဒန်က ဆက်ပြောပါတယ်။
ထိုင်ဝမ်က လွတ်လပ်ရေးရဖို့ ကြိုးစားပြီး စည်းကျော်လာခဲ့ရင်တော့ တရုတ်ပြည်မကြီးအစိုးရဟာ ပြတ်ပြတ်သားသား ဆုံးဖြတ်မယ်လို့ ရှီကျင့်ဖျင်က ဘိုင်ဒန်ကို အစည်းအဝေး အတွင်းမှာ ပြောခဲ့ပါတယ်။