ဘာကီနာဖာဆို ရဲစခန်းတိုက်ခိုက်ခံရမှုကြောင့် ၅၃ ဦး သေဆုံး

ဘာကီနာဖှာဆိုနိုင်ငံမှာ သီတင်းပတ်ကုန်ရက်က ရဲစခန်း တိုက်ခိုက်ခံရလို့ သေဆုံးသူ ဦးရေဟာ နိုဝင်ဘာ ၁၇ ရက်မှာ ၅၃ ယောက်ထိ ရှိလာပါတယ်။
နှစ်တွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အဆိုးဆုံး တိုက်ခိုက်မှုအတွက် ပြည်သူတွေရဲ့ ရှုတ်ချမှုကို သမ္မတက တုံ့ပြန်ခဲ့ပါတယ်။
တိုက်ခိုက်မှုတွေနဲ့ တိုက်ခိုက်စေတဲ့ အခြေအနေတွေကို ပြည်သူတချို့ ဘာကြောင့် ဒေါသထွက် တယ်ဆိုတာ သူနားလည်တယ်လို့ သမ္မတ ရို့သ် ကဘောက ပြောပါတယ်။
တနင်္ဂနွေနေ့က သွေးချောင်းစီး တိုက်ပွဲကြောင့် လေးနှစ်ကြာ အစ္စလာမ္မစ် သူပုန်ထမှု ထိန်းချုပ်ရေး ပျက်ကွက်တဲ့အပေါ် အာဏာပိုင်တွေကို ဆန့်ကျင်ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။
ဒသူပုန်တွေကြောင့် လူထောင်ချီ သေဆုံးခဲ့ပြီး လူ ၁ သန်းကျော် အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ရပါတယ်။
နိုင်ငံမြောက်ပိုင်းက အီနာတာမြို့အတွင်း ရွှေတွင်းနားမှာ တိုက်ပွဲကြောင့် စစ်ရဲအရာရှိ ၄၉ ယောက်နဲ့ အရပ်သား လေးယောက် သေဆုံးခဲ့တယ်လို့ အစိုးရ ပြောခွင့်ရက ပြောခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် အကြီးတန်း လုံခြုံရေး ဦးစီးမှူး ၂ ယောက်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီးပြီလို့လည်း အစိုးရ ပြောခွင့်ရက ဆိုပါတယ်။.