close

မုံရွာမြို့တွင် ရဲစခန်း ၂ ခု လက်ပစ်ဗုံးဖြင့် အပစ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အမှတ် ၁ ရဲစခန်းနဲ့ အမှတ် ၂ ရဲစခန်းအတွင်းကို နိုဝင်ဘာ ၅ ရက် ဒီနေ့ ညနေပိုင်းက လက်ပစ်ဗုံးနဲ့ အပစ်ခံရတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

ဒီညနေ ၄ နာရီလောက်မှာ  အမှတ် ၁ ရဲစခန်းမှာ တကြိမ်၊ ညနေ ၅ နာရီလောက်က အမှတ် ၂ ရဲစခန်းမှာ တကြိမ် လက်ပစ်ဗုံးနဲ့ အပစ်ခံရတာလို့  ရဲစခန်းနဲ့နီးစပ်သူများထံကနေသိရပေမဲ့ လူတွေ ထိခိုက်သေဆုံးမှု ရှိမရှိ အခြေအနေကိုတော့ မသိရပါဘူး။ 

အဲဒီဖောက်ခွဲမှုကို  PDF-South Monywa အဖွဲ့နဲ့ Monywa Heroes Group တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့  PDF-South Monywa ပြန်ကြားရေးတာဝန်ရှိသူက ဒီဗွီဘီကိုပြောပါတယ်။ 

“အမှတ် ၂ ရဲစခန်းကိုတော့ လက်ပစ်ဗုံးအပြင် ရဲတစ်ယောက်ကိုလည်း သေနတ်နဲ့ ၂ ချက်ပစ်သတ်ခဲ့တယ်။ နောက်ပြီး မုံရွာအမှတ် ၁ ရဲစခန်းနဲ့ စစ်တပ်ထောက်ခံ အားပေးနေတဲ့ သံရည်ကြိုစက်ကိုလည်း ဗုံးတစ်လုံးစီနဲ့ ထုခဲ့တယ်။”

မုံရွာမြို့နယ်အတွင်း စစ်ကောင်စီက ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေ အပြင်းအထန်ပြုလုပ်နေတာကြောင့် မုံရွာမြို့ကို နယ်ကနေ ဈေးတက်လာဝယ်တဲ့ သူတွေလည်း ဖမ်းဆီးခံရတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up