close

ကမ္ဘာ့ဖလားမတိုင်ခင် ပုံမှန်ပွဲထွက်ခွင့်ရရန် မန်ယူကနေ ဂျက်စီလင်ဂတ် ထွက်ခွာမည်

မန်ယူနိုက်တက်ကွင်းလယ်လူ ဂျက်စီလင်ဂတ်ဟာ ကမ္ဘာ့ဖလားမတိုင်ခင် ပုံမှန်ပွဲထွက်ခွင့်ရဖို့ အတွက် အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။ 

လင်ဂတ်ဟာ ယူနိုက်တက်မှာ ပွဲထွက်ခွင့်နည်းပါးတာကြောင့် ပြီးခဲ့တဲ့နိုင်ငံတကာပွဲစဉ် ရက်သတ္တပတ်မှာ အင်္ဂလန်နည်းပြဆောက်ဂိတ်ကချန်လှပ်ခဲ့ပါတယ်။ 

လင်ဂတ်အနေနဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းနဲ့အတူ ပါဝင်ချင်တာကြောင့် လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ပုံမှန်ပွဲထွက်ခွင့်ရမယ့်အသင်းတစ်သင်းဆီ ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။ 

အသက် ၂၈ နှစ်ရှိ လင်ဂတ်ဟာ ယူနိုက်တက်နဲ့ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက် တမ်းကုန်ဆုံးမှာဖြစ်ပြီး အသင်းဘက်က သက်တမ်းတိုးဖို့ ကမ်းလှမ်းချက်ကို ပယ်ချထားတယ်လို့ ဆိုပါတယ်။ 

လင်ဂတ်ဟာ လာမယ့်ဇန်နဝါရီမှာ ပြည်ပကလပ်တွေကို ပြောင်းရွှေ့နိုင်ပြီး ဘာစီလိုနာနဲ့ အေစီမီလန်အသင်းတွေကလည်း စိတ်ဝင်စားမှုရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ 

လင်ဂတ်ဟာ ၂၀၁၁ ခုနှစ်ကနေ လက်ရှိရာသီအထိ ယူနိုက်တက်အတွက် စုစုပေါင်း ၂၁၈ ပွဲ ကစားခဲ့ပြီး ၃၅ ဂိုး သွင်းယူပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up