မန်ယူနည်းပြဆိုးလ်ရှားနေရာတွင် အစားထိုးရန် ဘရန်ဒန်ရော်ဂျာ ရေပန်းစားနေ

မန်ယူအသင်း နည်းပြဆိုးလ်ရှားရဲ့နေရာမှာ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာကို ခန့်အပ်ဖို့ ရေပန်း အစားဆုံးဖြစ်လာပါတယ်။
The Sun သတင်းစာရဲ့အဆိုအရ ယူနိုက်တက်အသင်းဟာ နည်းပြဆိုးလ်ရှားကို ထုတ်ပယ်ဖို့ စတင်စဉ်းစားလာခဲ့ပြီး နည်းပြ ၄ ဦးအထိ လျာထားတယ်လို့သိရပါတယ်။
ယူနိုက်တက်အသင်းဟာ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ၊ ရီးရဲလ်နည်းပြဟောင်း ဇီဒန်း၊ အေဂျက်ဇ်နည်းပြ တမ်ဟတ်ချ်နဲ့ အီတလီနည်းပြ ကွန်တီတို့ လျာထားခဲ့ပြီး ကွန်တီကတော့ စပါးအသင်းကို ပြောင်းရွှေ့ခဲ့ပြီးဖြစ်ပါတယ်။
လက်ကျန် နည်းပြ ၃ ဦးထဲမှာ လက်စတာနည်းပြ ရော်ဂျာက ဆိုးလ်ရှား နေရာဆက်ခံဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး အေးဂျင့်ဖြစ်သူက အိုးထရတ်ဖို့ဒ်ကို အရောက်ပို့ဆောင်ဖို့ ယုံကြည်မှုရှိနေတယ်လို့ ဆိုပါတယ်။
ရော်ဂျာဟာ ၂၀၁၄ ခုနှစ်မှာ လီဗာပူးအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ အနီးစပ်ဆုံးရောက်အောင်စွမ်းဆောင်နိုင်ခဲ့ပြီး ဆဲလ်တစ်နဲ့ လိဂ်ချန်ပီယံ ၃ ကြိမ်အပြင် လက်စတာအသင်းမှာလည်း အက်ဖ်အေဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။